``သင်တို့၏အဦးဆုံးရိတ်သိမ်းသောအသီး အနှံ၊ အဦးဆုံးညှစ်သောစပျစ်ရည်ကိုငါ့ အားဆက်ကပ်ရမည်။ ``သင်တို့၏သားဦးများကိုငါ့အားဆက်ကပ် ရမည်။-
ယေဇကျေလ 48:14 - Common Language Bible ထာဝရဘုရားအားဆက်ကပ်ထားသည့်နယ်မြေသည်အကောင်းဆုံးဖြစ်၍ထိုမြေ၏တစ်စိတ်တစ်ဒေသကိုမျှရောင်းချခြင်း၊ သို့မဟုတ်လဲလှယ်ခြင်း၊ အခြားသူတစ်စုံတစ်ယောက်၏နာမည်သို့ပြောင်းပေးခြင်းတို့ကိုမပြုရ။ ထိုမြေသည်သန့်ရှင်းမြင့်မြတ်၍ထာဝရဘုရားပိုင်တော်မူသောမြေဖြစ်သတည်း။ Garrad Bible ထာ ဝ ရ ဘု ရား အ ဘို့ သီး သန့် ပြီး ဖြစ် သော ကြောင့်။ ရောင်း စား ခြင်း၊ လဲ လှယ် ခြင်း၊ အ ဦး မှည့် သော အ သီး အ နှံ လွှဲ အပ် ခြင်း များ ကို မ ပြု ကြ စေ လင့်။ Judson Bible ထိုမြေသည် ထာဝရဘုရားအဖို့သန့်ရှင်းသောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသောဥစ္စာနှင့် မဖယ်လှယ်ရ။ အဖိုးနှင့် မရောင်းရ။ မြန်မာ့စံမီသမ္မာကျမ်း ဤမြေသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောမြေဖြစ်သောကြောင့် သူတို့သည် ဤအကောင်းဆုံးမြေကို မရောင်းရ၊ အလဲအလှယ်မလုပ်ရ၊ အခြားသူလက်သို့ မလွှဲပြောင်းရ။ |
``သင်တို့၏အဦးဆုံးရိတ်သိမ်းသောအသီး အနှံ၊ အဦးဆုံးညှစ်သောစပျစ်ရည်ကိုငါ့ အားဆက်ကပ်ရမည်။ ``သင်တို့၏သားဦးများကိုငါ့အားဆက်ကပ် ရမည်။-
``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
သို့ဖြစ်၍သူတို့သည်လေဝိအနွယ်ဝင်တို့နှင့်ကပ်လျက်ရှိသောသီးသန့်နယ်မြေကိုရရှိကြလိမ့်မည်။ ထိုနယ်မြေသည်အသန့်ရှင်းအမြင့်မြတ်ဆုံးဖြစ်လိမ့်မည်။-
လေဝိအနွယ်ဝင်တို့သည်လည်းယဇ်ပုရောဟိတ်တို့၏မြေတောင်ဘက်တွင်အထူးမြေယာကိုရရှိကြလိမ့်မည်။ သူတို့၏မြေသည်လည်းအလျားရှစ်မိုင်၊ အနံသုံးမိုင်ရှိရမည်။-
ယဇ်ပုရောဟိတ်သည်မုန့်နှင့်သိုးကလေး နှစ်ကောင်ကို ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအား အထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ဤပူဇော်သကာ တို့သည်သန့်ရှင်း၏။-
လေဝိအနွယ်ဝင်တို့သည်မိမိတို့နေထိုင် ရာသတ်မှတ်ထားသောမြို့များတွင်မိမိ တို့ရောင်းပြီးသောအိမ်များကိုအချိန် မရွေးပြန်၍ဝယ်ယူခွင့်ရှိသည်။-
သို့ရာတွင်လေဝိမြို့ပတ်ဝန်းကျင်ရှိစား ကျက်ကိုမူ မည်သည့်အခါမျှမရောင်းရ။ ထို စားကျက်ကိုလေဝိအနွယ်ဝင်တို့အစဉ် အမြဲပိုင်၏။
ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။-
အဖန်ဆင်းခံလောကသာမကဘုရား သခင်၏အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကိုခံယူရရှိသူငါတို့သည်လည်း ဘုရားသခင်၏သားများဖြစ်ခွင့်ကိုလည်းကောင်း၊ ငါတို့ကိုယ်ခန္ဓာတစ်ခုလုံးကယ်တင်ခြင်းခံရ ခွင့်ကိုလည်းကောင်း စောင့်မျှော်ကာညည်းတွား လျက်ရှိကြပေသည်။-