လူမျိုးအပေါင်းတို့သည်ထိုသတင်းကိုကြား၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ ဖိလိတ္တိအမျိုးသားတို့သည်ထိတ်လန့်ကြ၏။
ယေဇကျေလ 32:9 - Common Language Bible ``သင်အဘယ်အခါကမျှမကြားခဲ့ဘူး သည့်တိုင်းပြည်များသို့ သင်ပျက်စီးသည့် သတင်းကိုငါလွှင့်လိုက်သောအခါလူမျိုး တကာတို့သည်စိတ်ဒုက္ခရောက်ကြလိမ့်မည်။- Garrad Bible သင် မ သိ ဘူး သော လူ မျိုး တို့ နေ ရာ အ ပြည် ပြည် သို့၊ သင် ပျက် စီး ခြင်း ကူး စက် စေ သည့် ကာ လ၊ လူ အ မျိုး မျိုး တို့ စိတ် ညစ်၍၊ Judson Bible သင်မသိဖူးသော အတိုင်းတိုင်းအပြည်ပြည်တို့တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြားစေသောအခါ၊ လူမျိုးများတို့ကို စိတ်ပူပန်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်မသိသောလူမျိုးတို့နေရာအရပ်ရပ်သို့ သင်ပျက်စီးသောသတင်းကို ငါလွှင့်သောအခါ လူအမြောက်အမြား စိတ်ပျက်အားလျော့ကြလိမ့်မည်။ |
လူမျိုးအပေါင်းတို့သည်ထိုသတင်းကိုကြား၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ ဖိလိတ္တိအမျိုးသားတို့သည်ထိတ်လန့်ကြ၏။
``သင်္ဘောသားအပေါင်းတို့သည်မိမိတို့၏ သင်္ဘောများကိုစွန့်ကာကုန်းပေါ်သို့တက်ကြ လေပြီ။
သင်သည်ဆုံးပါးလေပြီ။ ထာဝစဉ်ဆုံးပါး လေပြီ။ သင့်ကိုသိရှိခဲ့ကြသောလူမျိုး အပေါင်းတို့သည် သင်၏ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရကြမည်ကိုစိုးရိမ်ကြောက်လန့် လျက်နေကြ၏'' ဟုမိန့်တော်မူ၏။
ငါသည်အီဂျစ်ပြည်ကိုကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးအရပ်ဖြစ်စေမည်။ အနှစ် လေးဆယ်တိုင်တိုင်အီဂျစ်ပြည်မှမြို့များ သည်အခြားအဘယ်မြို့နှင့်မျှမတူအောင် ပျက်စီးယိုယွင်း၍နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့အားဒုက္ခသည်များ ဖြစ်စေမည်။ သူတို့သည်အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးကာလူမျိုး ခြားတို့ထံတွင်နေထိုင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အီဂျစ်ပြည်သားတို့အားငါသည်လူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။-
ငါသည်အီဂျစ်ပြည်သားတို့အားလူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
``အချိန်ကျ၍အီဂျစ်ပြည်ပျက်စီးသွား သောအခါ ငါသည်အမှုမဲ့အမှတ်မဲ့နေ သူကုရှပြည်သားတို့အား တပ်လှန့်နှိုး ဆော်ရန်စေတမန်တို့ကိုသင်္ဘောများဖြင့် စေလွှတ်မည်။ သူတို့သည်ကြောက်ရွံ့ထိတ် လန့်သွားကြလိမ့်မည်။ ထိုနေ့ကားနီး ကပ်လာလေပြီ'' ဟုမိန့်တော်မူ၏။
ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။-