သူတို့သည်စစ်ပွဲတွင်ကျဆုံးကြရ၍ သူတို့၏ ရုပ်အလောင်းများကိုဝံပုလွေတို့ စားကြပါလိမ့်မည်။
ယေဇကျေလ 32:4 - Common Language Bible ထိုနောက်ကုန်းပေါ်တွင်ချထားစေပြီး ကွင်း ပြင်ထဲသို့ဆွဲသွားမည်။ ကမ္ဘာပေါ်ရှိငှက် များနှင့်တိရစ္ဆာန်တို့၏အစာဖြစ်စေမည်။- Garrad Bible မြေ ပြင် တွင် လှဲ ချ ပစ် ထား သော သင့် အ ပေါ်၌၊ လေ သ တ္တ ဝါ အ ပေါင်း တို့ နင်း နေ လျက်၊ မြေ သ တ္တ ဝါ အ ပေါင်း တို့ လည်း ဝ စွာ ကိုက် စား လိမ့် မည်။ Judson Bible ငါသည် သင့်ကို ကုန်းပေါ်မှာတင်၍ လွင်ပြင်၌ပစ်ထားမည်။ မိုးကောင်းကင်ငှက်အပေါင်းတို့ကို သင့်အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာကျွေးမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သင့်ကို ကုန်းပေါ်ကွင်းပြင်တွင် ပစ်ထားမည်။ သင့်အပေါ် မိုးကောင်းကင်ငှက်အပေါင်းတို့ကို လာနားစေမည်။ မြေတစ်ပြင်လုံးရှိ တောရိုင်းတိရစ္ဆာန်တို့ ဝလင်စွာစားရန် ပေးပစ်မည်။ |
သူတို့သည်စစ်ပွဲတွင်ကျဆုံးကြရ၍ သူတို့၏ ရုပ်အလောင်းများကိုဝံပုလွေတို့ စားကြပါလိမ့်မည်။
ကိုယ်တော်ရှင်သည်ရေနဂါးကြီးလေဝိသန် ၏ ဦးခေါင်းများကိုချေမှုန်းတော်မူ၍ အသေကောင်ကိုတောကန္တာရရှိသားရဲ တိရစ္ဆာန်တို့အားစားရန်ပေးအပ်တော်မူ ပါ၏။
သို့ရာတွင်သင့်မှာမူသင်္ချိုင်းမရှိ။ ပုပ်ပျက်စေ ရန်သင်၏အလောင်းကိုစွန့်ပစ်ထားလိုက်ကြ လေပြီ။ ထိုအလောင်းသည်တိုက်ပွဲတွင်ကျ ဆုံးသည့်အသေကောင်များနှင့်ဖုံးလျက်၊ ဋ္ဌားနှင့်ထိုးဖောက်ခံရ၍ကျောက်တွင်းထဲ သို့ပစ်ချကျော်နင်းခြင်းကိုခံရ၏။-
သူတို့၏အလောင်းများသည်ငှက်များနှင့် သားရဲတိရစ္ဆာန်များအတွက်ကျန်ရှိနေ လိမ့်မည်။ နွေအခါငှက်တို့နှင့်ဆောင်းအခါ သားရဲတို့သည် ထိုလူသေကောင်တို့ကိုစား ကြလိမ့်မည်။
``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ထိုနေ့ရက်ကျရောက်လာသောအခါထာဝရ ဘုရားကွပ်မျက်တော်မူသောသူတို့၏အလောင်း များသည် ကမ္ဘာမြေပြင်တစ်လျှောက်လုံးတွင်ပျံ့နှံ့ လျက်နေလိမ့်မည်။ သူတို့အတွက်အဘယ်သူမျှ ဝမ်းနည်းပူဆွေးမှုပြုလိမ့်မည်မဟုတ်။ အလောင်း များကိုလည်းယူ၍သင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ယင်းတို့သည်နောက်ချေးပုံများကဲ့သို့မြေ ပေါ်တွင်ရှိနေလိမ့်မည်။
သူတို့သည်မိမိတို့နှစ်သက်ကြည်ညို၊ ဝတ် ပြုရှိခိုး၊ နှီးနှောတိုင်ပင်ခဲ့ကြသည့်နေ၊ လ၊ ကြယ်များအောက်တွင်ထိုအရိုးတို့ကိုဖြန့် ကြဲထားလိမ့်မည်။ ယင်းတို့ကိုစုသိမ်းသင်္ဂြိုဟ် မည့်အစားမြေသြဇာသဖွယ်မြေပေါ်မှာ ခင်းကြလိမ့်မည်။-
ထိုနောက်ယင်းသို့ကပ်နေသည့်ငါးများနှင့် တကွ သင့်အားနိုင်းမြစ်ထဲမှဆွဲထုတ်ကာ၊ တောကန္တာရ၌ပစ်ထားမည်။ သင်၏အလောင်း သည်မြေပေါ်သို့ကျလိမ့်မည်။ သင်္ဂြိုဟ်ခြင်း ကိုခံရမည်မဟုတ်။ ငှက်များ၊ တိရစ္ဆာန် များ၏အစာဖြစ်စေမည်။-
တောင်များကိုလူသေအလောင်းများနှင့်ဖုံး လွှမ်းစေမည်။ စစ်ပွဲတွင်ကျဆုံးသူတို့၏ အလောင်းများသည်တောင်ကုန်းများ၊ ချောင်း များ၊ ချိုင့်ဝှမ်းများတွင်ပြည့်နှက်၍နေလိမ့် မည်။-
``အီဂျစ်ပြည်သည်သဲကန္တာရဖြစ်၍ဧဒုံ ပြည်သည် ပျက်စီးယိုယွင်း၍လူသူကင်းမဲ့သည့် နေရာဖြစ်နေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုပြည်တို့သည် ယုဒပြည်ကိုတိုက်ခိုက်၍၊ အပြစ်မဲ့သူတို့အားသတ်ဖြတ်ခဲ့ကြသော ကြောင့်ဖြစ်၏။