ငါသည်ပြည်သူတို့အားငွေနှင့်ဂျုံစပါးကို ချေးငှားပါ၏။ ငါ၏အပေါင်းအဖော်များ နှင့်လုပ်သားများသည်လည်းဤနည်းအတိုင်း ပင်ပြုကြပါ၏။ ယခုငါတို့သည်ထိုအကြွေး များကိုပြန်လည်တောင်းခံမှုမပြုဘဲနေ ကြစို့။-
ယေဇကျေလ 18:7 - Common Language Bible သူသည်လှည့်စားမှုကိုမပြု။ သူတစ်ပါး၏ ဥစ္စာကိုအနိုင်အထက်မလုမယူ။ အပေါင်ခံ ပစ္စည်းကိုလည်းပြန်၍ပေး၏။ ငတ်မွတ်နေသူ ကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ် အစားများကိုပေး၏။- Garrad Bible အ တိုး အ မြတ် စား ခြင်း များ နှင့် ကင်း လျက်၊ မည် သူ့ ကို မျှ မ နှိပ် စက် ဘဲ၊ အ ပေါင် ခံ ပ စ္စည်း ကို ပြန် ပေး ခြင်း၊ မည် သူ့ ကို မျှ မ လု ယက် ဘဲ၊ မွတ် သိပ် သူ့ အား အ စာ ကျွေး လျက်၊ အ ဝတ် မဲ့ သူ အား စောင် ခြုံ ခြင်း၊ အ ဓ မ္မ မှု ကို လက် ချုပ် တည်း ခြင်း၊ လူ အ ချင်း ချင်း၌ သ မ္မာ တ ရား အ တိုင်း ဆုံး ဖြတ် ခြင်း၊ Judson Bible အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့် ဖုံးလွှမ်းလျှင်လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း မည်သူ့ကိုမျှနိုင်ထက်စီးနင်းမပြု၊ ကြွေးယူသူပေါင်ထားသောပစ္စည်းကို ပြန်ပေး၍ သူတစ်ပါးဥစ္စာကို မတရားမယူ၊ ဆာလောင်မွတ်သိပ်သောသူအား စားစရာကိုပေး၍ အဝတ်အချည်းစည်းဖြစ်သောသူအား ဝတ်စရာကိုပေးလျှင်၊ |
ငါသည်ပြည်သူတို့အားငွေနှင့်ဂျုံစပါးကို ချေးငှားပါ၏။ ငါ၏အပေါင်းအဖော်များ နှင့်လုပ်သားများသည်လည်းဤနည်းအတိုင်း ပင်ပြုကြပါ၏။ ယခုငါတို့သည်ထိုအကြွေး များကိုပြန်လည်တောင်းခံမှုမပြုဘဲနေ ကြစို့။-
သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။
သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။
သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
သင်သည်တစ်စုံတစ်ယောက်ထံမှခြုံထည် ကိုအပေါင်ပစ္စည်းအဖြစ်လက်ခံထားလျှင်၊ နေမဝင်မီသူ့အားပြန်ပေးရမည်။-
``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နှင့် နေထိုင်ခဲ့ဖူး၍ဧည့်သည်၏ခံစားချက်ကို သိသည်ဖြစ်သောကြောင့် သင်တို့၏ပြည်တွင် ဧည့်သည်ဖြစ်သောအခြားအမျိုးသားတို့ ကိုမညှဉ်းဆဲနှင့်။
ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတတ်၏။
ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။
ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကိုမတောင့်တ နှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။
သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
သင်တို့သည်အမှန်တရားကိုပြောဆိုပြုကျင့် ကြပါမူ အသက်မသေဘဲကျန်ရှိနိုင်ပါ၏။ ဆင်းရဲသူတို့အားလိမ်လည်လှည့်ဖြားရန်သင် တို့၏တန်ခိုးအာဏာအသုံးမပြုကြနှင့်။ တံစိုး လက်ဆောင်များကိုလည်းလက်မခံကြနှင့်။ လူ့ အသက်ကိုသတ်ရန်၊ အခြားဆိုးညစ်မှုများ ကိုပြုရန်ကြံစည်ကြသူများနှင့်ပူးပေါင်း ဆောင်ရွက်မှုမပြုကြနှင့်။-
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
ဤကားသင့်ညီမသောဒုံပြုသောအမှုဖြစ် သည်။ သူတို့သည်မာနကြီးလျက်အစာရေ စာအဝလွန်၍ မည်သူ့ကိုမျှဂရုမစိုက်ဘဲ ဆင်းရဲသူများနှင့် အခွင့်အရေးနိမ့်သူလူ တန်းစားတို့အား ကူညီစောင့်ရှောက်မှုကို မပြုကြ။-
သူသည်ဆင်းရဲချို့တဲ့သူတို့အားလိမ်လည် လှည့်စား၏။ သူတစ်ပါး၏ဥစ္စာကိုအနိုင် အထက်လုယူ၏။ အပေါင်ခံပစ္စည်းကိုလည်း ပြန်၍မပေး။ ရုပ်တုတို့ကိုကိုးကွယ်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြု၏။-
သူတစ်ပါးတို့အားနှိပ်စက်ညှင်းဆဲမှုနှင့် သူ တစ်ပါး၏ဥစ္စာကိုအနိုင်အထက်လုယူမှုတို့ ကိုလည်းမပြု။ သူသည်အပေါင်ခံပစ္စည်းများ ကိုလက်မခံ။ ငတ်မွတ်နေသူကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ်အစားများကို ပေး၏။-
သူ၏ဖခင်မူကားလိမ်လည်လှည့်စား၍သူ တစ်ပါးတို့၏ဥစ္စာကိုအနိုင်အထက်လုယူ လျက် အစဉ်ပင်လူအပေါင်းအားဆိုးညစ်စွာ ပြုကျင့်သဖြင့်မိမိ၏အပြစ်များကြောင့် သေရ၏။
ဥပမာအားဖြင့်မိမိအပေါင်ခံထားသည့် ပစ္စည်း၊ ခိုးဝှက်ထားသည့်ဥစ္စာတို့ကိုပြန်၍ ပေးအပ်ပြီးလျှင်အပြစ်ကူးလွန်မှုကို ရပ်စဲကာအသက်ရှင်စေတတ်သောပြဋ္ဌာန်း ချက်တို့ကိုစောင့်ထိန်းသည်ဆိုအံ့၊ ထိုသူ သည်မသေဘဲအသက်ရှင်လိမ့်မည်။-
``ပြည်တွင်း၌လူသတ်မှုများဖြင့်လည်း ကောင်း၊ မြို့များ၌အကြမ်းဖက်မှုများဖြင့် လည်းကောင်းပြည့်နှက်လျက်ရှိသဖြင့် နေရာ တကာတွင်ဗရုတ်သုတ်ခဖြစ်၍နေ၏။-
ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။-
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
ဝတ်ပြုရာနေရာတိုင်း၌ဆင်းရဲသူများ ထံမှအပေါင်ခံပစ္စည်းအဖြစ်နှင့်ရယူ ထားသောအဝတ်အထည်များကိုခင်း ကာအိပ်စက်ကြလေပြီ။ သူတို့ကိုးကွယ် သောဘုရားသခင်၏ဗိမာန်တော်တွင် ကြွေးတင်နေသူများထံမှလျော်ကြေး အဖြစ်ရယူလာသောစပျစ်ရည်ကို သောက်ကြလေပြီ။
ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
ဆိုးယုတ်သောနေ့ကာလကျရောက်တော့မည် ကိုသင်တို့ဝန်မခံလိုကြ။ သင်တို့ပြုပုံသည် အကြမ်းဖက်မှုကိုသာအားပေးရာရောက် နေ၏။-
အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-
ကောင်းသောအကျင့်ကိုမုန်း၍မကောင်းသော အကျင့်ကိုနှစ်သက်ကြ၏။ သင်တို့သည်ငါ၏ လူမျိုးတော်တို့ကိုအရှင်လတ်လတ်အရေ ဆုတ်၍အရိုးမှအသားကိုခွာယူကြ၏။-
ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။
``သင်တို့သည်လူမျိုးခြားနှင့်မိဘမဲ့ကလေး တို့ရထိုက်သောအခွင့်အရေးကိုပေးရမည်။ မုဆိုးမ၏အဝတ်အင်္ကျီကိုအပေါင်ပစ္စည်း အဖြစ်မယူရ။-