ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။ လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။
ယောရှု 9:21 - Common Language Bible သူတို့အားအသက်ချမ်းသာခွင့်ပေးကြကုန် အံ့။ သို့ရာတွင်သူတို့အား ငါတို့အတွက်ရေ ခပ်ထင်းခုတ်အလုပ်များကိုလုပ်ကိုင်စေရ မည်'' ဟုအကြံပေးသည့်အတိုင်းဣသ ရေလအမျိုးသားတို့ကသဘောတူကြ ၏။ Garrad Bible အ သက် ချမ်း သာ ပေး ရန် အ ကြီး အ ကဲ တို့ ဆို သည့် အ တိုင်း လူ ပ ရိ သတ် တို့ အ ဖို့ ထင်း ခွေ ရေ ခပ် ထား ကြ ၏။ Judson Bible အကဲအမှူးများ ကတိရှိသည်အတိုင်း အသက်ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဖို့ ထင်းခုတ်သောသူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့အား ပြန်ပြောကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “ခေါင်းဆောင်တို့ ပြောထားသည့်အတိုင်း သူတို့ကို အသက်ချမ်းသာခွင့်ပေးပြီး လူထုတစ်ရပ်လုံးအတွက် ထင်းခွေ၊ ရေခပ်ပေးရသောအလုပ်ကို လုပ်စေ”ဟု ခေါင်းဆောင်တို့က သူတို့အား ဆို၏။ |
ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။ လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။
``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
ယေရုရှလင်မြို့၏ဘုရင်အဒေါနိဇေဒက် သည်ယေရိခေါမြို့ကိုယောရှုတိုက်ခိုက်သိမ်း ပိုက်၍ ၎င်း၏ဘုရင်ကိုကွပ်မျက်ခဲ့သည့်နည်း တူအာဣမြို့ကိုတိုက်ခိုက်သိမ်းပိုက်၍ ၎င်း၏ ဘုရင်ကိုလည်းကွပ်မျက်ခဲ့ကြောင်းကြား သိရလေသည်။ ထို့အပြင်ဂိဗောင်မြို့သား တို့သည်ဣသရေလအမျိုးသားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်၍အတူတကွ နေထိုင်ကြကြောင်းကိုလည်းကြားသိရ လေသည်။-
ယောရှုသည်သူတို့နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍သူတို့အားအသက်ချမ်းသာပေး လေ၏။ ဣသရေလအကြီးအကဲတို့ကလည်း ငြိမ်းချမ်းရေးစာချုပ်ကိုတည်စေမည်ဟုကတိ သစ္စာပြုကြ၏။
ငါတို့ပြုထားသောကတိသစ္စာကြောင့်သူ တို့ကိုအသက်ချမ်းသာခွင့်ပေးရမည်။ ငါ တို့ကတိမတည်လျှင်ဘုရားသခင်သည် ငါတို့အားဒဏ်ခတ်တော်မူလိမ့်မည်။-
ထိုပြစ်မှုကြောင့်ဘုရားသခင်သည်သင်တို့ ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။ သို့ဖြစ်၍ ငါ့ဘုရားသခင်၏အိမ်တော်အတွက် သင်တို့ သည်ရေခပ်ထင်းခုတ်အလုပ်ကိုလုပ်၍ အမြဲကျွန်ခံရကြမည်'' ဟုဆို၏။
တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။