ယောရှု 9:27 - Common Language Bible27 တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။ အခန်းကိုကြည့်ပါ။Judson Bible27 ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌တည်သော ယဇ်ပလ္လင်တော်အဖို့နှင့် ပရိသတ်တော်အဖို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ရေခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထိုနေ့၌ပင် သူတို့ကို ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌တည်သောယဇ်ပလ္လင်နှင့် အစ္စရေးလူထုအတွက် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် ယောရှုစီရင်ပေးထား၍ ယနေ့တိုင်အောင် ထိုအမှုကို သူတို့ပြုကြ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့အတွက်ဝေစုထဲ မှ သုံ့ပန်းငါးဆယ်လျှင်တစ်ယောက်ကျဖြင့် လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်း ထိုအချိုးကျဖြင့်လည်းကောင်းနုတ်ယူ၍ ထာဝရဘုရား၏တဲတော်ကိုတာဝန်ယူ စောင့်ထိန်းရသောလေဝိအမျိုးသားတို့ အားပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-