အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
ယောဘဝတ္တု။ 5:13 - Common Language Bible ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။ Garrad Bible ပ ညာ ရှိ တို့ ကို၊ ကိုယ့် စဉ်း လဲ ခြင်း အား ဖြင့် ဖမ်း ဆီး တော် မူ၍၊ လိမ် လည် ကောက် ကျစ် သူ တို့၏ ပြ ဋ္ဌာန်း ချက် လည်း၊ ရုတ် ခြင်း ပယ် ပျက် လေ၏။ Judson Bible ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်းကို အချည်းနှီး ဖြစ်စေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ပညာရှိတို့ကို သူတို့၏အတတ်ပညာအားဖြင့် ပြန်၍အဖမ်းခံရစေ၏။ ဉာဏ်များသောသူတို့၏အကြံကိုလည်း ရုတ်ခြည်းဖျက်ဆီးတော်မူ၏။ |
အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
သို့ရာတွင်သင်သည်မြို့သို့ပြန်၍အဗရှလုံ အား``အရှင်မင်းကြီး၊ အကျွန်ုပ်သည်အရှင့် ခမည်းတော်၏အမှုတော်ကိုထမ်းဆောင် ခဲ့သည့်နည်းတူ ယခုအရှင်၏အမှုတော် ကိုထမ်းဆောင်ပါမည်' ဟုလျှောက်ထားပြီး နောက်အဟိသောဖေလပေးသည့်အကြံ ကိုဆန့်ကျင်ဘက်ပြုခြင်းအားဖြင့်ငါ့ အားအကူအညီပေးနိုင်၏။-
အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
သို့ရာတွင်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရောက်လျှောက်ထားရာမင်းကြီးသည် ကြေညာချက်ထုတ်ပြန်တော်မူသဖြင့် ဟာမန် သည်ယုဒအမျိုးသားတို့အတွက်ကြံစည် ခဲ့သည့်ဘေးဆိုးကိုမိမိပင်ကြုံတွေ့ရလေ ၏။ သူနှင့်သူ၏သားတစ်ကျိပ်သည်လည်ဆွဲ တိုင်၌ကွပ်မျက်ခြင်းခံရကြ၏။-
သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဥာဏ်ကောင်းသောသူ တစုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြွက်ဆို၏။
စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။
ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
အကြောင်းမူကား၊ ထာဝရဘုရားသည် သဘော ကောက်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။
တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
ငါ၏တရားတော်ကိုသိရှိ၍သင်တို့သည် ပညာရှိကြ၏ဟုအဘယ်သို့လျှင်သင် တို့ဆိုနိုင်ကြမည်နည်း။ ကြည့်ရှုကြလော့၊ မရိုးမဖြောင့်သည့်ကျမ်းကူးဆရာတို့က တရားတော်ကိုပြောင်းလဲစေကြလေပြီ။-
သင်တို့၏ပညာရှိများသည်အရှက်ကွဲ ကြ၏။ သူတို့သည်စိတ်ရှုပ်ထွေးလျက်ထောင် ချောက်တွင်မိကြလေပြီ။ သူတို့သည်ငါ၏ နှုတ်ကပတ်တော်ကိုပစ်ပယ်လိုက်ကြပြီ ဖြစ်၍ယခုအခါ၌သူတို့တွင်အဘယ် သို့သောပညာဉာဏ်ရှိတော့မည်နည်း။-
လူသေကောင်တို့သည်လယ်ပြင်ရှိနောက်ချေး ပုံများ ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းသူစွန့်ပစ်ထားခဲ့သည့်ကောက်လှိုင်း များ၊ အဘယ်သူမျှမစုမသိမ်းသည့်ကောက်လှိုင်း များ ကဲ့သို့လည်းကောင်းပြန့်ကျဲလျက်နေလိမ့်မည်။ ဤကားငါပြန်ကြားပြောဆိုရန်အတွက် ထာဝရဘုရားမိန့်မှာတော်မူသောစကား ဖြစ်၏'' ဟုဆို၏။
မြည်းသည်ကောင်းကင်တမန်ကိုမြင်သော အခါနံရံတစ်ဖက်သို့ကပ်သဖြင့် ဗာလမ် ၏ခြေညှပ်မိလေသည်။ ထိုအခါဗာလမ် သည်မြည်းကိုရိုက်ပြန်သည်။-
ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။-