ဆာလံ 18:26 - Common Language Bible26 စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible26 စင် ကြယ် သူ့ အား၊ စင် ကြယ် တော် မူ သည် ကိုလည်း ကောင်း၊ ဆုံး မ ခက် သူ့ အား ခက် ထန် တော် မူ သည် ကို လည်း ကောင်း၊ ကိုယ် တော် ဖော် ပြ တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible26 သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘောကိုလည်းကောင်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကိုလည်းကောင်း ပြတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 သန့်ရှင်းသောသူအား မိမိသန့်ရှင်းကြောင်းကို ပြတော်မူ၏။ ကောက်ကျစ်သောသူအား မိမိဉာဏ်များကြောင်းကို ပြတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-