ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။ ``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
ယောဘဝတ္တု။ 33:14 - Common Language Bible ဘုရားသခင်သည် တကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန်မြွက်တော်မူ၏။ Garrad Bible လူ သ တိ မ မူ သော် လည်း၊ ဘု ရား သ ခင် သည် တစ် နည်း မ က၊ နှစ် နည်း အား ဖြင့် ဗျာ ဒိတ် ပေး တော် မူ၏။ Judson Bible ဘုရားသခင်သည် တစ်ကြိမ်မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ဘုရားသခင်သည် တစ်ကြိမ်မက နှစ်ကြိမ်မိန့်တော်မူသော်လည်း မည်သူမျှသတိမမူ။ |
ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။ ``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
ထာဝရဘုရားသည်မနာရှေနှင့်ပြည်သူတို့ အား သတိပေးတော်မူသော်လည်းသူတို့ သည်နားမထောင်ကြ။-
လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။
ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
ဤသို့ဖြင့်ကိုယ်တော်သည်ငါ့အားထိုသူတို့ထံသို့စေလွှတ်ပြီးလျှင်``သူတို့အား`သင်တို့သည်ထပ်ကာထပ်ကာနားထောင်သော်လည်းနားလည်လိမ့်မည်မဟုတ်။ ထပ်ကာထပ်ကာကြည့်သော်လည်းအဖြစ်အပျက်ကိုသိလိမ့်မည်မဟုတ်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။-
ဗာဗုလုန်ရှင်ဘုရင်၊ ဗေလရှာဇာမင်းနန်းစံပထမနှစ်၌ ငါသည်ညဥ့်အခါအိပ်မက်တွင်ဗျာဒိတ်ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုအိပ်မက်၏အကြောင်းကိုငါသည်ဤသို့မှတ်တမ်းရေးထားသတည်း။
ထို့ကြောင့်၊ `ဤသူတို့သည်ကြားလျက်နှင့်နားလည်လိမ့်မည် မဟုတ်။ မြင်လျက်နှင့်သိလိမ့်မည်မဟုတ်။
ထိုအခါကိုယ်တော်က ``ပရောဖက်များဟော ကြားခဲ့သမျှကိုယုံကြည်ရန်အလွန်နှေး ကွေးသောအိုလူမိုက်တို့၊-
အပြစ်စီရင်ခြင်း၏သဘောတရားကား ဤသို့တည်း။ အလင်းတော်သည်ဤလောက သို့ရောက်ရှိလာ၏။ သို့ရာတွင်လူတို့သည် ဆိုးယုတ်သူများဖြစ်သည်အားလျော်စွာ အလင်းတော်ထက်အမှောင်ကိုနှစ်သက် ကြ၏။-