လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။
ယောဘဝတ္တု။ 30:6 - Common Language Bible ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။ Garrad Bible ကြောက် မက် ဖွယ် ရာ ချောက်၊ မြေ တွင်း၊ ကျောက် ဂူ များ တွင် နေ ရ ကြ၏။ Judson Bible ကြောက်မက်ဖွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လျှိုမြောင်ချိုင့်ဝှမ်းများ၊ မြေတွင်းများနှင့် ကျောက်တွင်းများတွင် နေထိုင်ရကြ၏။ |
လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။
ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။-
ထိုအခါလောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာရှိသူမှစ၍ ကျွန်နှင့်ကျွန်မဟုတ်သူအပေါင်းတို့သည်လိုဏ် ဂူများ၌လည်းကောင်း၊ တောင်ပေါ်ကျောက်ဆောင် များ၌လည်းကောင်းပုန်းအောင်း၍နေကြ ကုန်၏။-
မိဒျန်အမျိုးသားတို့သည်ဣသရေလအမျိုး သားတို့ထက်အင်အားကြီးသဖြင့် ဣသရေလ အမျိုးသားတို့သည်ဥမင်များ၌လည်းကောင်း၊ အခြားဘေးလွတ်ရာတောင်ပေါ်ဒေသများ ၌လည်းကောင်းပုန်းအောင်းနေရကြကုန်၏။-