ယောဘဝတ္တု။ 3:26 - Common Language Bible ငါသည်ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။ Garrad Bible ငါ သည် ချမ်း သာ ခြင်း၊ ငြိမ် သက် ခြင်း၊ အေး မြ ခြင်း မ ရှိ။ အ နှောင့် အ ရှက် ကို သာ ခံ ရ သည် ဟု မြွက် ဆို လေ ၏။ Judson Bible ငါသည် ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက် ရှိသည်ဟု မြွက်ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဒုက္ခဆင်းရဲနှင့်ကြုံနေရပြီဖြစ်၍ ငါ၌ ဝမ်းမြောက်ခြင်းမရှိ။ ငြိမ်သက်ခြင်းမရှိ။ အေးအေးချမ်းချမ်းနေခွင့်မရတော့ပြီ”ဟု ညည်းဆိုလေ၏။ |
သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။
ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ၏။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။ ကောင်းမြတ်တော်မူသည်နှင့်အညီကျွန်တော် မျိုးအား ဆင်းရဲဒုက္ခများမှကယ်တော်မူပါ။