ယောဘဝတ္တု။ 21:30 - Common Language Bible ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။ Judson Bible ဖျက်ဆီးရာနေ့ရက်ကာလဖို့ မတရားသောသူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလဖို့ ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသော သူတို့လက္ခဏာသက်သေများကို မသိကြသလော။ မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ဘေးဒုက္ခရောက်သောနေ့တွင် မကောင်းမှုပြုသောသူသည် လွတ်မြောက်ရတတ်၏။ အမျက်တော်နေ့တွင် ကယ်တင်ခံရတတ်၏။ |
ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။
မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊
ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။
ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော။
သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချ လော့။
စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မမူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ။
ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။ အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။
သူတို့သည်အခြားသူများကဲ့သို့ဝေဒနာ မခံရကြ။ အခြားသူများကဲ့သို့ဒုက္ခမရောက်ရကြ။
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဘို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ် ခံရသော နေ့အဘို့ဖန်ဆင်းတော်မူ၏။
သို့ရာတွင်ဣရှမေလနှင့် သူ၏လူရှစ်ယောက်တို့ မူကား ယောဟနန်ထံမှတိမ်းရှောင်ကာအမ္မုန် ပြည်သို့လွတ်မြောက်သွားကြ၏။
ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊
သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-
ယောရှုက``လိုဏ်ဂူဝကိုကျောက်တုံးကြီး များဖြင့်ပိတ်ထားလော့။ အစောင့်လည်းချ ထားလော့။-
သို့ရာတွင်ဘုရားသခင်သည်ယခုလက်ရှိ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုမီးဖြင့် ဖျက်ဆီးရာနေ့တိုင်အောင် ထိုအမိန့်တော် အားဖြင့်ပင်လျှင်ဆက်လက်တည်ရှိစေ တော်မူပေသည်။ ထိုနေ့၌ဘုရားတရား မဲ့သောသူတို့သည်တရားစီရင်ဖျက်ဆီး ခြင်းကိုခံရကြလိမ့်မည်။
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။
ထိုအရှင်တို့၏အမျက်တော်သင့်မည့်နေ့ရက် ကာလကျရောက်လာလေပြီ။ ထိုအမျက်တော် ကိုအဘယ်သူသည်ရပ်ခံနိုင်ပါမည်နည်း'' ဟု ဆိုကြ၏။