Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 21:20 - Common Language Bible

20 ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ကိုယ့် မ ကောင်း ကျိုး ကို ကိုယ့် မျက် စိ မြင် ရ လျက်၊ အ န န္တ တန် ခိုး ရှင်၏ အ မျက် တော် ကို သူ့ ကိုယ်၌ ခံ သောက် ရ ပါ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကိုယ်​ပျက်​စီး​ခြင်း​ကို ကိုယ်​မျက်​စိ​နှင့် မြင်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင်၏​အ​မျက်​တော်​ကို သောက်​စိမ့်​သော​ငှာ၊ သူ၏​အ​ပြစ်​ကို ဘယ်​နှစ်​ကြိမ် ဆပ်​ပေး​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း သိ​မှတ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 သူ​ပျက်စီး​သွား​သည်​ကို သူ့​မျက်စိ​မြင်​ရ​ပါစေ​။ အနန္တတန်ခိုးရှင်​၏​အမျက်​တော်​ကို သူ​သောက်​ရ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 21:20
16 ပူးပေါင်းရင်းမြစ်များ  

သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။


ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။


ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။


အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။


ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​တိ​ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​သေ​သောက်​ကူး သူ​များ​သ​ဖွယ်​ယိမ်း​ယိုင်​စေ​တော်​မူ​ပါ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​တည်း​ဟူ​သော အ​လွန်​ပြင်း​သည့်​စ​ပျစ်​ရည်​ထည့်​ထား​သော ခွက်​ဖ​လား​ကို​လက်​တော်​တွင်​ကိုင်​ထား​တော်​မူ​၏။ ထို​စ​ပျစ်​ရည်​ကို​ကိုယ်​တော်​လောင်း​ချ တော်​မူ​သော​အ​ခါ သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​သောက်​ကြ​ကုန်​၏။ သူ​တို့​သည်​တစ်​စက်​မျှ​မ​ကျန်​အောင်​သောက် ကြ​ကုန်​၏။


သို့​ရာ​တွင်​ငါ​မူ​ကား​ယာ​ကုပ်​၏ ဘု​ရား​အ​ကြောင်း​တော်​ကို​အ​စဉ်​မ​ပြတ် ပြော​ကြား​ပါ​မည်။ ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​မည်။


အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။


စ​ပျစ်​ချဉ်​သီး​ကို​စား​သူ​မှန်​သ​မျှ​သည် မိ​မိ​တို့ ကိုယ်​တိုင်​သွား​ကျိန်း​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း​ပင် မိ​မိ​တို့​အ​ပြစ်​အ​တွက်​သေ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ဗာ​ဗု​လုန်​မြို့​သည်​ငါ​ကိုင်​၍​ထား​သည့်​ရွှေ ဖ​လား၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​မူး​ယစ်​စေ​သည့် စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​၏။ လူ​မျိုး တ​ကာ​တို့​သည်​ထို​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​၍​ရူး​သွတ်​ကြ​ကုန်​၏။-


အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။


ယ​ခု​သူ​တို့​အား​ဤ​သို့​ပြန်​ပြော​လော့။ `ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကိုယ်​ကို​တိုင်​တည်​၍ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​ငါ​ပြု​မည်။-


သူ​သည်​မ​ရ​ဏ​နိုင်​ငံ​တွင်​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ နေ​ရ​သ​ဖြင့် မျှော်​ကြည့်​လိုက်​သော​အ​ခါ​အာ​ဗြ​ဟံ ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​၏​လက်​ယာ​ဘက်​တွင် လာ​ဇ​ရု​ကို​လည်း​ကောင်း​မြင်​လေ​၏။-


ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား​မှ ပြင်း ထန်​သော​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် ရည်​ကို​သောက်​ရ​လိမ့်​မည်။ မြင့်​မြတ်​သန့်​ရှင်း သော​ကောင်း​ကင်​တ​မန်​များ​နှင့်​သိုး​သူ​ငယ် တော်​၏​ရှေ့​၌ ကန့်​နှင့်​မီး​ထဲ​တွင်​နှိပ်​စက်​ညှဉ်း ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-


လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ရန်​အ​တွက်​ကိုယ် တော်​၏​ခံ​တွင်း​မှ​ထက်​သော​သန်​လျက်​ထွက်​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ အနန္တ​တန်​ခိုး​ရှင်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် သီး​နယ်​ရာ​ကျင်း​တွင်​စ​ပျစ်​ရည်​များ​ကို နင်း​တော်​မူ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ