သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
ယောဘဝတ္တု။ 20:18 - Common Language Bible မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ။ Garrad Bible ချွေး နဲ စာ ကို မ မျို ရ ဘဲ ဆပ် ပေး၍၊ ဆည်း ပူး သော ဥ စ္စာ ပ စ္စည်း နှင့် အ မျှ ဝမ်း မြောက် ခွင့် မ ရ ချေ။ Judson Bible မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေးရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်းမရှိရ။ မြန်မာ့စံမီသမ္မာကျမ်း ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။ |
သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။
ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။
ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။
``မိမိအိမ်ကိုမတရားသောနည်းဖြင့်လည်း ကောင်း၊ မိမိ၏အထက်ခန်းများကိုမရိုးဖြောင့်သော နည်းဖြင့်လည်းကောင်း၊တည်ဆောက်ကာ၊ မိမိ၏အိမ်နီးချင်းများအားအခမဲ့စေ စားသူ၊ သူတို့၏လုပ်အားခများကိုမပေးဘဲနေ သူသည် အမင်္ဂလာရှိ၏။
``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
ဗာဗုလုန်ဘုရင်သည်ယေရုရှလင်မြို့ကို ခုတ်ထစ်ကိုက်စားခဲ့၏။ သူသည်ထိုမြို့ကိုအိုးသဖွယ်သွန်မှောက်ကာ မြွေနဂါးကဲ့သို့မျိုချခဲ့၏။ သူသည်မိမိအလိုရှိရာကိုသိမ်းယူပြီး လျှင် ကျန်ပစ္စည်းများကိုမူပစ်ထုတ်လိုက်လေသည်။
ငါသည်ဗာဗုလုန်မြို့၏ဗေလဘုရားကို အပြစ်ဒဏ်ခတ်၍ ခိုးရာပါပစ္စည်းများကို လည်းပြန်အပ်စေမည်။ လူမျိုးတကာတို့ သည်သူ့အားနောက်တစ်ဖန်ဝတ်ပြုကိုး ကွယ်ကြတော့မည်မဟုတ်။ ``ဗာဗုလုန်မြို့ရိုးများသည်ပြိုကျလေပြီ။-
သင်၏ရန်သူအပေါင်းတို့သည် သင့်ကိုပြောင်လှောင်ကြလျက်မုန်းစိတ်နှင့် စိုက်၍ကြည့်ကြ၏။ သူတို့သည်မဲ့ရွဲ့ကာနှာခေါင်းရှုံ့လျက်``သူ့ကို ငါတို့သုတ်သင်ဖျက်ဆီးလိုက်ကြလေပြီ။ ဤနေ့ကားငါတို့စောင့်မျှော်နေခဲ့သည့်နေ့ပေ တည်း'' ဟုဆိုကြ၏။
အချိန်ကျပြီ။ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်၍မဖြစ်သည့်နေ့ရက်ကာလနီးကပ် လာလေပြီ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော်သည်လူတိုင်းအပေါ် သို့သက်ရောက်မည်ဖြစ်သောကြောင့်တည်း။-
ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-
ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်ခြင် ကောင်မမျိုမိစေရန်သောက်ရေကိုစစ်၍သောက် ကြ၏။ သို့ရာတွင်ကုလားအုတ်ကိုကားမျိုချ ကြပါသည်တကား။''
``သင်နှင့်လက်ထပ်ရန်စေ့စပ်ထားသောမိန်းမ ကို အခြားသူတစ်ယောက်ကမယားအဖြစ် ပေါင်းသင်းလိမ့်မည်။ သင်သည်အိမ်ကိုဆောက် သော်လည်းထိုအိမ်တွင်မနေရ။ စပျစ်ဥယျာဉ် ကိုစိုက်သော်လည်းအသီးကိုမစားရ။-
သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-