အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
ယောဘဝတ္တု။ 14:18 - Common Language Bible ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ Garrad Bible မု ချ ဆို သော်၊ ပြို လဲ သော တောင် ပျက် ပြုန်း လျက်၊ Judson Bible ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သော ကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း တောင်သည် ပြိုလဲပြီးလျှင် တစ်စစီဖြစ်သွားတတ်ပါ၏။ ကျောက်ဆောင်သည်လည်း မိမိနေရာမှ ရွေ့သွားတတ်ပါ၏။ |
အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။
အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။
သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊ သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။ မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊ သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
ကိုယ်တော်ရှင်သည်အဘယ်ကြောင့်မိုးကောင်းကင် ကိုဖွင့်လှစ်၍ ဆင်းသက်ကြွလာတော်မမူပါ သနည်း။ တောင်များသည်ကိုယ်တော်ရှင်ကို မြင်၍ကြောက်လန့်တုန်လှုပ်ကြပါလိမ့်မည်။-
ငါသည်တောင်များကိုကြည့်ပြန်သော် တောင်ကြီးတောင်ငယ်တို့သည်တုန်လှုပ်လျက် နေကြ၏။
ထိုအခါဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၏။ ကျောက်ဆောင်များပြိုကွဲကြ၏။-
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-
မိုးကောင်းကင်သည်စာစောင်ကိုလိပ်သကဲ့သို့ ပျောက်ကွယ်သွား၏။ တောင်များနှင့်ကျွန်းရှိ သမျှသည်မိမိတို့နေရာမှရွေ့သွားကြကုန်၏။-
ဒုတိယကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ မီးလျှံထနေသော တောင်ကြီးခန့်ကြီးမားသောမီးလုံးကြီး ကို ပင်လယ်ထဲသို့ပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီးလျှင် ပင်လယ်ရေသုံးပုံတစ်ပုံ သည်သွေးအတိဖြစ်လေ၏။-