သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
ယောဘဝတ္တု။ 12:2 - Common Language Bible သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။ Garrad Bible သင် တို့ နှင့် တ ကွ၊ ဉာဏ် ပ ညာ ပါ၊ တိမ် ကော လိမ့် တ ကား။ Judson Bible သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဉာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။ မြန်မာ့စံမီသမ္မာကျမ်း “သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။ |
သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။
သင်တို့မူကား တယောက်မျှမကြွင်း၊ ပြန်သွားကြ ပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင်။
ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။
သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။
ငါတို့သည်ခရစ်တော်အတွက်လူမိုက်ဖြစ် ရ၏။ သင်တို့ကားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်သူပညာရှိများဖြစ်ကြ သည်။ ငါတို့သည်ချည့်နဲ့သူ၊ သင်တို့ကား စွမ်းသန်သူ၊ ငါတို့သည်အသရေမဲ့သူ၊ သင်တို့ကားအသရေရှိသူများဖြစ်ကြ ပါသည်တကား။-
သင်တို့ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်းအမှုအခင်းဖြစ်ပွားကြသောအခါ အသင်းတော်နှင့်တရားစီရင်ဆုံးဖြတ်နိုင်သူ ပညာရှိတစ်ယောက်မျှမရှိသလော။-