ယာကုပ် 2:3 - Common Language Bible သင်တို့သည်ဝတ်ကောင်းစားလှဝတ်ဆင်ထား သူအားအရေးပေးလျက်``ဤနေရာတွင်ထိုင် ပါ'' ဟူ၍လည်းကောင်း၊ ဆင်းရဲသူအား``ထို နေရာတွင်ရပ်နေလော့'' ဟူ၍လည်းကောင်း ဆိုပါမူ၊- Garrad Bible အ ဝတ် ကောင်း ဝတ် ဆင် သူ ကို ထောက် ထား၍ သင် တို့ က ဤ နေ ရာ ကောင်း မှာ ထိုင် ပါ ဟူ၍ လည်း ကောင်း၊ ဆင်း ရဲ သူ့ အား ထို တွင် ရပ် နေ လော့၊ သို့ မ ဟုတ် ငါ့ ခြေ တင် ခုံ အ နီး အောက် မှာ ထိုင် လော့ ဟူ ၍ လည်း ကောင်း ပြော ဆို လျှင်၊ Judson Bible တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍လည်းကောင်း၊ သင်တို့သည် ပြောဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် တင့်တယ်သောအဝတ်ဝတ်ဆင်ထားသောသူကို ဂရုစိုက်လျက် “သင်သည် ဤနေရာကောင်းတွင် ထိုင်ပါ”ဟု ဆို၍ ဆင်းရဲသောသူကိုမူကား “သင်သည် ထိုနေရာတွင်ရပ်နေပါ၊ သို့မဟုတ် ငါ၏ခြေရင်းကြမ်းပြင်ပေါ်၌ ထိုင်ပါ”ဟု ဆိုလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူကို အလေးပေးကာ “ဤနေရာကောင်းတွင် ထိုင်ပါ” ဟု ဆိုပြီး ဆင်းရဲသောသူကိုမူ “ထိုနေရာတွင် ရပ်ပါ၊” သို့မဟုတ် “ကျွန်ုပ်ခြေရင်းတွင် ထိုင်ပါ” ဟူ၍ ပြောဆိုကြလျှင် |
ထိုနောက်သူတို့ကမိမိတို့သည်အလွန်ပင် မြင့်မြတ်သန့်ရှင်းလှသည်၊ အခြားသူတို့နှင့် မထိမတွေ့အပ်ဟုဆိုကာ အဘယ်သူကိုမျှ မိမိတို့အနီးသို့မချဉ်းမကပ်စေကြ။ ငါ သည်ဤသို့သောလူတို့ကိုသည်းမခံနိုင်။ ထိုသူတို့အပေါ်သို့သက်ရောက်သည့်ငါ၏ အမျက်ဒေါသသည်အစဉ်တောက်လောင် လျက်နေသည့်မီးနှင့်တူ၏။
ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-
သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
အကယ်၍သင်တို့စည်းဝေးရာသို့ဝင်လာ သောလူနှစ်ယောက်အနက် လူတစ်ယောက်က ရွှေလက်စွပ်နှင့်ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထား၍ အခြားတစ်ယောက်ကမူ ဆင်းရဲနွမ်းပါးသူဖြစ်သဖြင့် စုတ်ပြတ် သောအဝတ်ကိုဝတ်ဆင်ထားသည်ဆိုအံ့။-
သို့ရာတွင်သင်တို့ကဆင်းရဲသူတို့အား ရှုတ်ချကြသည်တကား။ ကြွယ်ဝသူတို့သည် သင်တို့အားနှိပ်စက်၍တရားသူကြီးများ ရှေ့သို့ဆွဲငင်ခေါ်ဆောင်သွားကြသည် မဟုတ်လော။-
ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။