Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 65:5 - Common Language Bible

5 ထို​နောက်​သူ​တို့​က​မိ​မိ​တို့​သည်​အ​လွန်​ပင် မြင့်​မြတ်​သန့်​ရှင်း​လှ​သည်၊ အ​ခြား​သူ​တို့​နှင့် မ​ထိ​မ​တွေ့​အပ်​ဟု​ဆို​ကာ အ​ဘယ်​သူ​ကို​မျှ မိ​မိ​တို့​အနီး​သို့​မ​ချဉ်း​မ​ကပ်​စေ​ကြ။ ငါ သည်​ဤ​သို့​သော​လူ​တို့​ကို​သည်း​မ​ခံ​နိုင်။ ထို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သည့်​ငါ​၏ အ​မျက်​ဒေါ​သ​သည်​အ​စဉ်​တောက်​လောင် လျက်​နေ​သည့်​မီး​နှင့်​တူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သူ​တို့​က​လည်း၊ သင်​သည် အ​သီး​အ​ခြား​နေ​လော့။ ငါ့​ထံ​သို့ မ​ချဉ်း​နှင့်။ ငါ​သည် သင့်​ထက်​သာ၍ သန့်​ရှင်း​သည်​ဟု ဆို​တတ်၏။ ထို​သို့​သော​သူ​တို့​သည် ငါ့​နှာ​ခေါင်း၌ မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​လောင်​သော မီး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူ​တို့​က ‘​တသီးတခြား​နေ​လော့​။ ငါ​သည် သင့်​ထက်​သန့်ရှင်း​၏​။ ငါ့​အနီး​သို့​မ​လာ​နှင့်​’​ဟု ပြောဆို​ကြ​၏​။ ဤ​သူ​တို့​သည် ငါ့​နှာခေါင်း​ထဲမှ မီးခိုး​၊ တစ်နေ့လုံး​တောက်လောင်​နေ​သော​မီး​နှင့်​တူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 65:5
17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​အား​ပင့်​ဖိတ်​သူ​ဖာ​ရိ​ရှဲ​သည်​ဤ အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် ``ဤ​သူ​သည်​ပ​ရော ဖက်​ဖြစ်​ပါ​မူ သူ​၏​ခြေ​ကို​ကိုင်​သော​အ​မျိုး သ​မီး​သည်​အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း ကောင်း၊ အ​ဘယ်​သို့​သော​အ​ပြစ်​ကူး​လွန်​သည့် အ​မျိုး​သ​မီး​ဖြစ်​သည်​ကို​လည်း​ကောင်း သိ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။


မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။


ဖာ​ရိ​ရှဲ​များ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​ဖြစ် ကြ​သော​ကျမ်း​တတ်​ဆ​ရာ​များ​က ``အ​ဘယ် ကြောင့်​သင်​တို့​သည်​အ​ခွန်​ခံ​သူ​များ၊ အ​ခြား အ​ပယ်​ခံ​သူ​များ​နှင့်​စား​သောက်​ကြ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​ကဲ့​ရဲ့​ပြစ်​တင်​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-


ထို​သူ​တို့​သည်​အ​သင်း​တော်​တွင်​စိတ်​ဝမ်း ကွဲ​ပြား​စေ​သူ​များ မိ​မိ​တို့​န​ဂို​ဇာ​တိ​စိတ် အ​လို​သို့​လိုက်​သူ​များ၊ ဝိ​ညာဉ်​တော်​ကို မ​ရ​သူ​များ​ဖြစ်​ကြ​၏။-


ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-


သို့​ရာ​တွင်​ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ကျေး​ဇူး​တော်​သည်​ပို​၍​စွမ်း​အား ကြီး​ပေ​သည်။ ``ဘု​ရား​သ​ခင်​သည်​မာ​န​ကြီး သူ​တို့​အား​ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍​နှိမ့်​ချ သော​သူ​တို့​အား​ကျေး​ဇူး​တော်​ကို​ချ​ပေး​တော် မူ​၏'' ဟု​ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ​ဖြစ်​၏။


ထို​အ​ခြင်း​အ​ရာ​ကို​ဖာ​ရိ​ရှဲ​တို့​မြင်​လျှင် ``သင် တို့​၏​ဆ​ရာ​သည်​အ​ဘယ်​ကြောင့်​ဤ​လူ​တန်း​စား များ​နှင့်​အ​တူ​ထိုင်​လျက်​စား​သောက်​နေ​ပါ​သ​နည်း'' ဟု​တ​ပည့်​တော်​တို့​အား​မေး​မြန်း​ကြ​၏။


ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။


ဖာ​ရိ​ရှဲ​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​က ``ဤ သူ​သည်​အ​ပြစ်​ကူး​သူ​များ​အား​လက်​ခံ​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည်​တ​ကား'' ဟု​ညည်း​တွား​ပြော​ဆို​ကြ​၏။-


ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ