ထာဝရဘုရား၏တရားတော်ကိုလိုက်လှောက် လက် အပြစ်ဆိုဖွယ်မရှိအောင်သက်ရှင်လှုပ်ရှား သူတို့သည်မင်္ဂလာရှိကြ၏။
ယာကုပ် 1:27 - Common Language Bible ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။ Garrad Bible ငါ တို့ အ ဘ ဘု ရား သ ခင် ရှေ့ တော်၌ သန့် ရှင်း စင် ကြယ် သော ဝတ် မှာ ဒု က္ခ ရောက် နေ သော ဘ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ကြည့် ရှု ပြု စု ခြင်း၊ ဤ လော က အ စွန်း နှင့် ကင်း စင် အောင် ကိုယ် ကို စောင့် ထိန်း ခြင်း များ တည်း။ Judson Bible ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။ မြန်မာ့စံမီသမ္မာကျမ်း ခမည်းတော်ဘုရားသခင်ရှေ့တော်၌ စင်ကြယ်၍ညစ်ညူးခြင်းကင်းသော ဘာသာတရားကိုင်းရှိုင်းမှုဟူသည်မှာ ဆင်းရဲဒုက္ခခံရသော မိဘမဲ့ကလေးနှင့်မုဆိုးမတို့ကို ကြည့်ရှုခြင်း၊ လောကီအညစ်အကြေးတို့နှင့်ကင်းစင်စေရန် မိမိကိုယ်ကိုစောင့်ထိန်းခြင်းတို့ပင်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော်ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဘာသာတရားကိုင်းရှိုင်းခြင်းမှာ ဆင်းရဲဒုက္ခကြုံနေသည့် မိဘမဲ့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ မိမိကိုယ်တိုင်ကိုလည်း လောကီညစ်ညူးခြင်းတို့မှ ကင်းစင်စေခြင်းဖြစ်၏။ |
ထာဝရဘုရား၏တရားတော်ကိုလိုက်လှောက် လက် အပြစ်ဆိုဖွယ်မရှိအောင်သက်ရှင်လှုပ်ရှား သူတို့သည်မင်္ဂလာရှိကြ၏။
ကိုယ်တော်သည်ဣသရေလပြည်တွင်နေ ထိုင်သော တိုင်းတစ်ပါးသားတို့အား ကွယ်ကာစောင့်ရှောက်တော်မူ၍မုဆိုးမနှင့် မိဘမဲ့သူတို့ကိုကူမတော်မူ၏။ သို့ရာတွင်သူယုတ်မာတို့ကိုမူပျက်စီးဆုံးရှုံး စေတော်မူ၏။
သန့်ရှင်းမြင့်မြတ်သည့်ဗိမာန်တော်တွင် ကိန်းဝပ်တော်မူသောဘုရားသခင်သည် မိဘမဲ့သူများကိုစောင့်ရှောက်၍မုဆိုးမ များကို ကာကွယ်တော်မူ၏။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
လူသားကိုပြစ်မှားပြောဆိုသူသည်အပြစ်ဖြေ လွှတ်နိုင်၏။ သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော် ကိုပြစ်မှားပြောဆိုသောသူမူကားယခုဘဝ နောင်ဘဝတွင်အပြစ်ဖြေလွှတ်လိမ့်မည်မဟုတ်။
``စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကိုဖူးမြင်ရကြလတ္တံ့။
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။-
ငါတို့အဖဘုရားသခင်၏အလိုတော်နှင့်အညီ ခရစ်တော်သည်ငါတို့အား ဤဆိုးယုတ်သော ပစ္စုပ္ပန်ခေတ်မှကယ်တင်နိုင်ရန် ငါတို့၏အပြစ် များအတွက်မိမိကိုယ်ကိုစွန့်တော်မူ၏။-
ယခုတွင်ကျမ်းစာတော်က ``ဘုရားသခင် ကိုယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်မှန် ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့်မည်'' ဟုဖော်ပြထားသဖြင့်ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုမရနိုင် ကြောင်းထင်ရှား၏။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-
လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။-
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-
သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-
ငါတို့သည်မိမိတို့၏ကြီးမြတ်သည့်ဘုရား သခင်တည်းဟူသော ကယ်တင်ရှင်ယေရှုခရစ် ၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းမည့် မင်္ဂလာနေ့မြတ်ကိုစောင့်မျှော်ကာ ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့်လောကရမ္မက်ဆန္ဒ တို့ကိုစွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့် စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဘုရား ဝတ်၌မွေ့လျော်ခြင်းတို့ဖြင့်ဤလောက၌ အသက်ရှင်ကြစေရန်လည်းကောင်း ထို ကျေးဇူးတော်ကငါတို့အားဆုံးမ သွန်သင်လျက်ရှိ၏။-
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-
ငါတို့သည်ခမည်းတော်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးရာ၌လျှာကိုအသုံးပြု ကြ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားတော်မူသောလူတို့ကိုကျိန်ဆဲရာ ၌လည်းယင်းကိုပင်အသုံးပြုကြ၏။-
သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-
ဤနည်းအားဖြင့်ကတိထားတော်မူသောအလွန် ကြီး၍ အဖိုးထိုက်သည့်ဆုကျေးဇူးများကို ကိုယ်တော်သည်ငါတို့အားပေးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့်သင်တို့သည် ဤလောက တွင်ဖောက်ပြန်ပျက်စီးတတ်သောကိလေသာ ဆိုးညစ်မှုများမှလွတ်မြောက်နိုင်ကြလျက် ဘုရားဇာတိတွင်ပါဝင်စေရန်ဖြစ်၏။-
အကယ်၍လူတို့သည်ငါတို့အရှင်သခင် နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ် ကိုသိကျွမ်းရခြင်းအားဖြင့် လောကီညစ်ညမ်း မှုများမှလွတ်မြောက်ကြပြီးနောက်တစ်ဖန် ပြန်၍ ထိုညစ်ညမ်းမှုများ၏ကျွန်ဖြစ်ပါမူ ထိုသူတို့၏နောက်ဆုံးအခြေအနေသည် လက်ဦးအခြေအနေထက်ဆိုးရွားလေ တော့သည်။-
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့သည်ထိုနေ့ရက် ကိုစောင့်မျှော်လျက်နေကြစဉ် ဘုရားသခင် ၏ရှေ့တော်၌စိတ်နှလုံးဖြူစင်သန့်ရှင်း အပြစ်ကင်းစေရန်လည်းကောင်း၊ ကိုယ်တော် နှင့်ငြိမ်းချမ်းမှုရရှိ၍နှစ်သက်လက်ခံဖွယ် ဖြစ်စေရန်လည်းကောင်း အစွမ်းကုန်ကြိုးစား အားထုတ်ကြလော့။-
ဘုရားသခင်၏သားသမီးဖြစ်သူသည် ဆက်လက်၍ အပြစ်မကူးတတ်ကြောင်းကိုငါ တို့သိကြ၏။ သူ့အားဘုရားသခင်၏သား တော်စောင့်ထိန်းတော်မူသည်ဖြစ်၍ မာရ်နတ် သည်ထိုသူကိုမထိမခိုက်နိုင်။