ဗျာဒိတ် 5:2 - Common Language Bible ထိုနောက်ခွန်အားကြီးမားသောကောင်းကင်တမန် တစ်ပါးက``အဘယ်သူသည်တံဆိပ်များကိုခွာ ၍ဤစာလိပ်ကိုဖွင့်ထိုက်ပါသနည်း'' ဟုအသံ ကျယ်စွာကြွေးကြော်လျက်နေသည်ကိုငါမြင်၏။- Garrad Bible ထို တံ ဆိပ် ကို ဖျက်၍ စာ လိပ် ကို ဖြန့် ခြင်း ငှါ မည် သူ ထိုက် တန် သ နည်း ဟု၊ ကျယ် သော အ သံ နှင့် ခွန် အား ကြီး သော စေ တ မန် တော် တစ် ပါး ကြွေး ကြော် ရာ၊ Judson Bible အားကြီးသော ကောင်းကင်တမန်တစ်ပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွာခြင်းငှာ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးက “မည်သူသည် စာလိပ်ကိုဖွင့်၍ ၎င်း၏တံဆိပ်များကိုခွာထိုက်သနည်း”ဟု ကျယ်လောင်သောအသံနှင့် ကြွေးကြော်နေသည်ကို ငါမြင်ရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တန်ခိုးကြီးသော ကောင်းကင်တမန်တစ်ပါးက “မည်သူသည် တံဆိပ်ခုနစ်ခုကို ခွာပြီး စာလိပ်ကို ဖွင့်ရန် ထိုက်တန်သနည်း” ဟု ကျယ်လောင်စွာ ကြွေးကြော်နေသည်ကို ကျွန်ုပ်မြင်ရ၏။ |
တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
ထိုနောက်ကောင်းကင်မှခွန်အားကြီးမားသော ကောင်းကင်တမန်တစ်ပါးဆင်းသက်လာသည် ကိုငါမြင်ရ၏။ သူသည်မိုးတိမ်ကိုဝတ်ဆင် ၍သူ၏ဦးခေါင်းပတ်လည်တွင်သက်တန့်ရှိ၏။ သူ၏မျက်နှာသည်နေနှင့်တူ၏။ သူ၏ခြေ ထောက်တို့သည်မီးဖြင့်ပြီးသောတိုင်များ နှင့်တူ၏။-
ထိုနောက်ခွန်အားကြီးသောကောင်းကင်တမန် တစ်ပါးသည်ကြိတ်ဆုံကျောက်ကြီးခန့်ရှိသော ကျောက်တုံးတစ်ခုကိုယူ၍ပင်လယ်ထဲသို့ပစ် ချလိုက်ပြီးလျှင်``ဗာဗုလုန်မြို့ကြီးသည်ဤသို့ ပစ်ချခြင်းကိုခံရလိမ့်မည်။ နောက်တစ်ဖန်ထို မြို့ကိုပြန်၍တွေ့မြင်ကြရလိမ့်မည်မဟုတ်။-
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်၏ လက်ယာလက်တော်တွင်စာလိပ်ကိုငါမြင်၏။ ထိုစာလိပ်သည်တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ် ထား၍ စာမျက်နှာနှစ်ဘက်စလုံးတွင်စာ များရေးသားထား၏။-
ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။