ထိုဥယျာဉ်တွင်ရှုချင်ဖွယ်ကောင်း၍ စားဖွယ် ကောင်းသောအသီးပင်အမျိုးမျိုးကိုပေါက် စေတော်မူ၏။ ဥယျာဉ်အလယ်တွင်အသက် ရှင်စေသောအပင်ရှိ၏။ အကောင်းနှင့်အဆိုး ကိုပိုင်းခြားသိမြင်စေသောအပင်လည်းရှိ ၏။
ဗျာဒိတ် 2:7 - Common Language Bible ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ ``အောင်မြင်သောသူအားဘုရားသခင်၏ဥယျာဉ် တော်ရှိအသက်ပင်၏အသီးကိုစားခွင့်ငါ ပေးမည်။ Garrad Bible အ သင်း တော် တို့ အား ဝိ ညာ ဥ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ။ အောင် မြင် သူ့ အား ဘု ရား သ ခင်၏ ဥ ယျာဉ် တော် ရှိ အ သက် ပင်၏ အ သီး စား ခွင့် ကို ငါ သ နား မည် ဟု မိန့် တော် မူ ကြောင်း တည်း။ Judson Bible ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှာ ငါအခွင့်ပေးမည်။ မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။ |
ထိုဥယျာဉ်တွင်ရှုချင်ဖွယ်ကောင်း၍ စားဖွယ် ကောင်းသောအသီးပင်အမျိုးမျိုးကိုပေါက် စေတော်မူ၏။ ဥယျာဉ်အလယ်တွင်အသက် ရှင်စေသောအပင်ရှိ၏။ အကောင်းနှင့်အဆိုး ကိုပိုင်းခြားသိမြင်စေသောအပင်လည်းရှိ ၏။
ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။ အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။ အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။ ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။
ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။
ထိုနောက်ကိုယ်တော်က ``ကြားတတ်သောနားရှိ သူတို့ကြားကြကုန်လော့'' ဟုမိန့်တော်မူ၏။
လူ၏အပြင်အပမှဝင်သည့်အရာသည်လူကို မညစ်ညမ်းစေနိုင်။ အတွင်းမှထွက်သည့်အရာ သည်သာလူကိုညစ်ညမ်းစေနိုင်၏။-
ကိုယ်တော်က ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ပင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိမည်'' ဟုမိန့်တော်မူ၏။
အချို့မျိုးစေ့များကားမြေကောင်းမြေသန့်တွင်ကျ သဖြင့်အပင်ပေါက်၍အဆတစ်ရာသီးနှံများကို ဖြစ်ပွားစေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက် ``ကြား တတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟု ကြွေးကြော်တော်မူ၏။
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
သို့ရာတွင်ဘုရားသခင်သည်ငါတို့အား မိမိ ၏လျှို့ဝှက်ချက်ကိုဝိညာဉ်တော်အားဖြင့်ဖော်ပြ တော်မူ၏။ ဝိညာဉ်တော်သည်အရာခပ်သိမ်းကို သာမက ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အကြံအစည်တော်တို့ကိုပင်စူးစမ်းရှာဖွေ တော်မူပေသည်။-
အဖတို့၊ သင်တို့သည်အစကပင်ရှိတော်မူ သောအရှင်ကိုသိသူများဖြစ်သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက်၏။ လူငယ် လူရွယ်တို့၊ သင်တို့သည်မာရ်နတ်ကိုအောင် သောကြောင့်သင်တို့ထံသို့ငါစာရေးလိုက်၏။
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။-
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။ ``အောင်မြင်သောသူသည်ဒုတိယသေ ခြင်းဘေးနှင့်ကင်းလွတ်လိမ့်မည်။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
အောင်မြင်သောသူသည်ဤကတိတော်ကိုခံစား ရလိမ့်မည်။ ငါသည်သူ၏ဘုရားဖြစ်မည်။ သူသည် လည်းငါ၏သားဖြစ်လိမ့်မည်။-
မိမိတို့အဝတ်ကိုသန့်ရှင်းဖြူစင်အောင်လျှော်ဖွတ် သူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်အသက်ပင် ၏အသီးကိုစားသုံးနိုင်ခွင့်နှင့် မြို့တံခါးဖြင့်မြို့ တော်တွင်းသို့ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-
ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။
ထိုအသက်ပင်သည်တစ်လတစ်ကြိမ်၊ တစ်နှစ် လျှင်တစ်ဆယ့်နှစ်ကြိမ်အသီးသီး၏။ ထိုအပင် ၏အရွက်များသည်လူမျိုးတကာတို့၏အနာ ရောဂါများကိုပျောက်ကင်းစေရန်အတွက်ဖြစ်၏။-