တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
ဗျာဒိတ် 18:8 - Common Language Bible ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။ Garrad Bible စီ ရင် ဆုံး ဖြတ် တော် မူ မည့် ထာ ဝ ရ ဘု ရား သ ခင် သည် တန် ခိုး ကြီး တော် မူ သည့် အ လျောက် ခံ ရ မည့် ဘေး များ တည်း ဟူ သော သေ ခြင်း၊ မြည် တမ်း ခြင်း၊ အ စာ ခေါင်း ပါး ခြင်း များ သည် နေ့ ချင်း သင့် ရောက် သည့် ပြင်၊ မီး ဖြင့် ကျွမ်း လောင် ခံ ရ လ တ္တံ့။ Judson Bible ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တစ်နေ့ချင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသခင်သည် ခွန်အားဗလ ကြီးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်းတို့သည် သူ့အပေါ်သို့ တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ မီးသည် သူ့ကို လောင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို တရားစီရင်တော်မူသောအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သည်” ဟူ၍ဖြစ်၏။ |
တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
ထာဝရဘုရားသည်တစ်နေ့တည်းတွင်ဣသ ရေလခေါင်းဆောင်များနှင့်ပြည်သူတို့အား အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့၏ခေါင်းပိုင်း၊ အမြီးပိုင်းတို့ကိုတစ်နေ့ တည်းအတွင်းဖြတ်တောက်ပစ်တော်မူလိမ့်မည်။-
``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။-
သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။ လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက် သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
ထာဝရဘုရားသည်မိမိတပ်မတော်ကို မိုးကြိုးသံနှင့် တူသည့်အသံဖြင့်အမိန့်ပေးတော်မူ၏။ ကိုယ်တော်၏အမိန့်တော်ကိုနာယူကြသူ စစ်သည်တပ်သားများသည်၊ အရေအတွက်အားဖြင့်များ၏။ တန်ခိုး ကြီးကြ၏။ ထာဝရဘုရားတရားစီရင်တော်မူရာ နေ့ရက်ကာလသည် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ ထိုနေ့ရက်ကာလကိုအဘယ်သူ လွန်မြောက်နိုင်ပါမည်နည်း။
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။
``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်သည်မိမိ၏မဟာတန်ခိုးတော် ကို သုံးတော်မူလျက် လောကကိုအုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
သင်မြင်ရသောသားရဲနှင့်ဦးချိုဆယ်ချောင်း တို့သည် ပြည့်တန်ဆာမကိုမုန်းကြလိမ့်မည်။ သူတို့သည်ပြည့်တန်ဆာမထံမှရှိသမျှ ကိုချွတ်ယူလျက်အဝတ်အချည်းစည်းဖြစ် စေကြလိမ့်မည်။ သူ၏အသားကိုစား၍သူ့ ကိုမီးရှို့ကြလိမ့်မည်။-
သင်မြင်ရသည့်အမျိုးသမီးကားကမ္ဘာပေါ် ရှိရှင်ဘုရင်တို့ကိုအုပ်စိုးသည့်မြို့ကြီးဖြစ် သတည်း'' ဟုဆို၏။
မိမိ၌ရှိသမျှကိုတစ်နာရီအတွင်း၌ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေး မြည်တမ်းကြလိမ့်မည်။ ခပ်သိမ်းသောရေယာဉ်မှူးများနှင့်ခရီးသည် အပေါင်းတို့သည်လည်းကောင်း၊ သင်္ဘောသားများ နှင့်ရေကြောင်းကုန်သွယ်မှုကိုပြုကြသူအပေါင်း တို့သည်လည်းကောင်းအဝေးကရပ်လျက်နေ ကြ၏။-
သူတို့သည်မြေမှုန့်များကိုမိမိတို့အပေါ်သို့ကြဲ ဖြန့်လျက်``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပင်လယ် ကူးသင်္ဘောပိုင်ရှင်အပေါင်းအားကြွယ်ဝချမ်းသာ စေသောမြို့ကြီးသည်တစ်နာရီအတွင်းရှိသမျှ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေးမြည်တမ်း ကြ၏။
တစ်ဖန်ထိုသူတို့၏``ဘုရားသခင်၏ဂုဏ်တော် ကိုချီးမွမ်းကြလော့'' ထိုမြို့မှမီးခိုးတို့သည် ထာဝစဉ်လွင့်တက်လျက်ရှိ၏'' ဟုကြွေးကြော် ကြပြန်၏။-