``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
ဗျာဒိတ် 12:4 - Common Language Bible သူသည်မိုးကောင်းကင်ကကြယ်တာရာသုံးပုံ တစ်ပုံကို မိမိအမြီးဖြင့်ဆွဲငင်ကာကမ္ဘာမြေ ပေါ်သို့ပစ်ချလိုက်၏။ နဂါးကြီးသည်သားဖွား အံ့ဆဲဆဲဖြစ်သောအမျိုးသမီး၏ရှေ့တွင် ရပ်လျက် ထိုအမျိုးသမီးသားဖွားသည်နှင့် တစ်ပြိုင်နက်သားငယ်ကိုစားမျိုရန်စောင့် ၍နေ၏။- Garrad Bible ကောင်း ကင် ကြယ် သုံး စု တစ် စု ကို အ မြီး ဖြင့် ဆွဲ ငင်၍ မြေ ကြီး ပေါ် သို့ ချ လိုက် ရာ သား ဖွား ဆဲ မိန်း မ ရှေ့ တွင် ဖွား မြင် သည့် ကာ လ သူ ငယ် ကို စား ခြင်း ငှါ ရပ် တန့် လျက် နေ ၏။ Judson Bible သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးပုံတစ်ပုံကိုဆွဲ၍ မြေကြီးပေါ်သို့ပစ်ချလိုက်၏။ ထိုနဂါးသည် သားဖွားတော့မည့်အမျိုးသမီးရှေ့၌ရပ်လျက် သားဖွားသောအခါ သူ၏သားကိုဝါးမျိုရန်စောင့်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏ အမြီးသည် ကောင်းကင်မှ ကြယ်သုံးပုံတစ်ပုံကို ကမ္ဘာမြေပေါ်သို့ ဆွဲချလိုက်၏။ ထိုနဂါးသည် မီးဖွားတော့မည့်အမျိုးသမီး၏ ရှေ့တွင် ရပ်လျက် မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် မွေးကင်းစသားငယ်ကို ဝါးမျိုရန် စောင့်နေ၏။ |
``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-
ထိုနောက်ကောင်းကင်၌စစ်ဖြစ်လေသည်။ မိက္ခေလ နှင့်သူ၏ကောင်းကင်တမန်များသည် နဂါး ကိုတိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏ဘက်သား ကောင်းကင်တမန်တို့ကပြန်လှန်တိုက်ခိုက် ကြသော်လည်း၊-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
ငါမြင်ရသည့်သားရဲသည်ကျားသစ်နှင့်တူ ၏။ သူ၏ခြေတို့သည်ဝက်ဝံခြေများနှင့်တူ၍ သူ၏နှုတ်သည်ခြင်္သေ့၏နှုတ်နှင့်တူ၏။ နဂါး သည်မိမိ၏တန်ခိုးနှင့်မိမိ၏ပလ္လင်ကိုလည်း ကောင်း၊ ကြီးမားသောအာဏာစက်ကိုလည်း ကောင်းထိုသားရဲအားပေးအပ်၏။-
နဂါးသည်မိမိ၏အာဏာကိုသားရဲအား အပ်နှင်းပေးသူဖြစ်သဖြင့် လူတို့သည်နဂါး ကိုကိုးကွယ်ကြ၏။ လူတို့က``ဤသားရဲနှင့် အဘယ်သူတူပါသနည်း။ သူ့အားအဘယ် သူဆိုင်ပြိုင်တိုက်ခိုက်နိုင်ပါသနည်း'' ဟုဆို လျက်သားရဲကိုလည်းရှိခိုးကြ၏။
ထိုနောက်ငါသည်ဖားနှင့်တူသည့်ညစ်ညမ်းသော နတ်သုံးပါးကိုတွေ့မြင်ရ၏။ သူတို့သည်နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့၏ခံတွင်းအသီး သီးမှထွက်လာကြ၏။-
သင်မြင်ရသည့်အမျိုးသမီးကားကမ္ဘာပေါ် ရှိရှင်ဘုရင်တို့ကိုအုပ်စိုးသည့်မြို့ကြီးဖြစ် သတည်း'' ဟုဆို၏။
သူသည်ရှေးမြွေနဂါးကြီးကိုဖမ်းဆီးပြီးလျှင် သံကြိုးဖြင့်အနှစ်တစ်ထောင်ချည်နှောင်၍ထား ၏။ ထိုနဂါးကားနတ်မိစ္ဆာဘုရင်သို့မဟုတ် စာတန်ပင်ဖြစ်၏။-
တတိယကောင်းကင်တမန်တံပိုးခရာမှုတ် လိုက်သောအခါ ကြယ်ကြီးတစ်လုံးသည်မီး လျှံထနေသောမီးရှူးတိုင်ကဲ့သို့ ကောင်းကင် မှမြစ်များသုံးပုံတစ်ပုံနှင့်စမ်းပေါက်များ အပေါ်သို့ကျလေ၏။-
(ယင်းကြယ်ကို``ခါးခြင်း'' ဟုခေါ်၏) သုံးပုံတစ် ပုံသောရေတို့သည်ရေခါးအဖြစ်သို့ပြောင်း လဲသွားကြ၏။ များစွာသောလူတို့သည်ထို ရေခါးကိုသောက်သဖြင့်သေကြကုန်၏။
စတုတ္ထကောင်းကင်တမန်တံပိုးခရာမှုတ်လိုက် သောအခါနေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံ တစ်ပုံ၊ ကြယ်တာရာများ၏သုံးပုံတစ်ပုံတို့ သည်ကပ်သင့်ကြသဖြင့်၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံလျော့နည်းသွားလေ၏။ နေ့၏သုံး ပုံတစ်ပုံ၊ ည၏သုံးပုံတစ်ပုံသည်အလင်း မရကြ။
ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။
ဒုတိယကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ မီးလျှံထနေသော တောင်ကြီးခန့်ကြီးမားသောမီးလုံးကြီး ကို ပင်လယ်ထဲသို့ပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီးလျှင် ပင်လယ်ရေသုံးပုံတစ်ပုံ သည်သွေးအတိဖြစ်လေ၏။-
ပင်လယ်သတ္တဝါသုံးပုံတစ်ပုံတို့သည်သေ ကြ၏။ သုံးပုံတစ်ပုံမျှသောင်္သဘောတို့ သည်လည်းပျက်စီးသွားကြ၏။
သူတို့၏အမြီးသည်ကင်းမြီးကောက်၏အမြီး နှင့်တူ၍ဆူးရှိ၏။ သူတို့အမြီးတွင်လူတို့အား ငါးလတိုင်တိုင်ဘေးဥပဒ်ရောက်စေနိုင်သော တန်ခိုးရှိ၏။
မြင်းတို့၏တန်ခိုးစွမ်းရည်သည်သူတို့၏ခံတွင်း နှင့်အမြီးတွင်ရှိ၏။ သူတို့၏အမြီးများသည် မြွေများနှင့်တူ၏။ ထိုအမြီးများတွင်ဦးခေါင်း များပေါက်လျက်ယင်းအမြီးများဖြင့်လူတို့ အားအန္တရာယ်ပြုကြ၏။