(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
ဒေသနာကျမ်း။ 8:12 - Common Language Bible အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။ Garrad Bible အ ပြစ် သား သည်၊ မ ကောင်း မှု ကို အ ကြိမ် တစ် ရာ တိုင် တိုင် တာ ရှည် စွာ ပြု ကျင့် နိုင် သော် လည်း၊ ဘု ရား သ ခင် ရှေ့ တော် တွင်၊ ခန့် ညား ခြင်း ကင်း သည့် အ တွက်၊ အ ရိပ် မျှ ဖြစ် သော အ သက် တာ ကို မ ရှည် စေ နိုင် သည့် ပြင်၊ ကောင်း စား ခွင့် မ ရ သည် ကို လည်း ကောင်း၊ ဘု ရား သ ခင် ရှေ့ တော် တွင် ကြောက် ရွံ့ ခန့် ညား သူ မူ ကား၊ ကောင်း စား ခွင့် ရ မည် ကိုလည်း ကောင်း၊ ငါ အ မှန် သိ ၏။ Judson Bible အဓမ္မလူသည် အကြိမ်တစ်ရာတိုင်အောင် အဓမ္မအမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကိုခံရကြမည်ဟု ငါအမှန်သိ၏။ မြန်မာ့စံမီသမ္မာကျမ်း အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။ |
(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
ယခုမူကား၊ အမျက်ထွက်၍ ဆုံးမတော်မမူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူ သောကြောင့်၊
ထာဝရဘုရားကိုထောမနာပြုကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ပညတ်တော်တို့ကိုစောင့်ထိန်းရန် အထူးနှစ်သက်သူသည်မင်္ဂလာရှိ၏။
ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူ အပေါင်းတို့အားယုတ်မြတ်မရွေးကောင်းချီး ပေးတော်မူလိမ့်မည်။
သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
သို့ရာတွင်စိတ်နှိမ့်ချသောသူတို့သည် ပြည်တော်ကိုပိုင်ရလျက်ငြိမ်းချမ်းသာယာမှုနှင့် ကြီးပွားတိုးတက်မှုတို့ကိုခံစားကြရ လိမ့်မည်။
သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာ တော်မူသောအခါဦးညွှတ်ပျပ်ဝပ်ကြလော့။ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြလော့။
ဝမ်းဆွဲတို့သည်ထာဝရဘုရားကိုကြောက်ရွံ့သူများဖြစ်သောကြောင့် ထာဝရဘုရားကသူတို့ကိုကျေးဇူးပြု၍ သူတို့၌အိမ်ထောင်မိသားစုများရှိစေတော်မူ၏။ ဣသရေလအမျိုးသားတို့၏ဦးရေသည်လည်းတိုးပွားများပြားလာ၏။-
အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။
အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။
ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ်၏။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း။
အိမ်မက်များရာ၌၎င်း၊ စကားများရာ၌၎င်း၊ အချည်းနှီးသောအကြောင်း အရာပါတတ်၏။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့။
ငါသည် အချည်းနှီးနေသော ကာလ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကို၎င်း၊ အဓမ္မလူ သည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို၎င်း ငါမြင်၏။
ဤစကားကိုစွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။
သင်တို့သည်ယနေ့တိုင်အောင်ပင်စိတ်နှလုံး နှိမ့်ချမှုမရှိကြသေးပေ။ ငါ့ကိုကြောက်ရွံ့ ရိုသေမှုမရှိ။ သင်တို့နှင့်သင်တို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပညတ်များ နှင့်နည်းဥပဒေကိုလည်းလိုက်နာကျင့်သုံး မှုမပြုကြ။
ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-
ဘုရားသခင်သည်လည်းဤနည်းအတိုင်းပင်ပြု တော်မူသည်။ ကိုယ်တော်သည်အမျက်တော်ကိုပြ ရန်နှင့် တန်ခိုးတော်ကိုထင်ရှားစေရန်အလိုရှိ တော်မူ၏။ သို့ရာတွင်အမျက်တော်သင့်၍ပျက်စီး ဆုံးရှုံးထိုက်သူတို့အားအလွန်သည်းခံတော် မူ၏။-
ဤပညတ်ကိုလိုက်နာခြင်းသည်ထာဝရဘုရား နှစ်သက်တော်မူသောအမှုဖြစ်၏။ သို့ဖြစ်၍သင် တို့သည်ဤပညတ်ကိုလိုက်နာလျှင် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည်လည်းကောင်း စားကြလိမ့်မည်။-
သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-