သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။-
ထွက်မြောက် 36:8 - Common Language Bible အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။- Garrad Bible ထို အ လုပ် ကို လုပ် ဆောင် ရ သူ တို့ တွင် သု ခ မိန် ရှိ သ မျှ သည် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် လက် မြောက် သူ ရက် လုပ် သော ခေ ရု ဗ ရုပ် ပုံ ပါ တင်း တိမ် ရံ ဆယ် ထည် ဖြင့် စံ ရာ တော် ကို လုပ် ဆောင် လေ ၏။ Judson Bible သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သောသူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အလုပ်လုပ်သောသူတို့ထဲမှ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ကြ၏။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်ထားသော ပိတ်ချောထည်ဖြစ်ကြ၏။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားကြ၏။ |
သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။-
ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။-
မိမိနှင့်အတူဂိဗောင်မြို့ရှိကိုးကွယ်ဝတ်ပြု ရာဌာနတော်သို့ သွားရောက်ကြရန်အမိန့်ထုတ် ပြန်တော်မူ၏။ ထိုအရပ်သို့သွားရခြင်းမှာ တောကန္တာရ၌ ထာဝရဘုရား၏အစေခံ မောရှေပြုလုပ်ခဲ့သည့်ထာဝရဘုရားစံ တော်မူရာတဲတော်တည်ရာဖြစ်ခြင်းကြောင့် ဖြစ်၏။-
မင်းကြီးသည်မိမိ၏လက်မှုပညာသည်တို့ အားခေရုဗိမ်နှစ်ပါးရုပ်များကိုထုလုပ်စေ ၍ ရွှေနှင့်မွမ်းမံကာအလွန်သန့်ရှင်းရာဌာန တော်တွင်ထားရှိစေတော်မူ၏။-
အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
သူ့ကိုကူညီရန်၊ ငါသည်ဒန်အနွယ်မှအဟိ သမက်၏သားဖြစ်သူ အဟောလျဘကိုရွေး ချယ်ထားပြီ။ ငါမိန့်မှာသမျှတို့ကိုပြုလုပ် နိုင်ရန်၊ အခြားသောအတတ်ပညာရှင် အပေါင်းတို့အားလည်း၊ အထူးကျွမ်းကျင်မှု ကိုငါပေးထားသဖြင့်၊-
သူတို့သည်ငါစံရာတဲတော်၊ ပဋိညာဉ်သေတ္တာ တော်နှင့်အဖုံး၊ တဲတော်ထဲရှိအသုံးအဆောင် တန်ဆာအားလုံး၊-
``သင်တို့တွင်ရှိသောအတတ်ပညာရှင် အပေါင်းတို့သည် ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလာ၍လုပ်ဆောင်ရကြမည်။-
ကန့်လန့်ကာအားလုံးသည်အရွယ်တူဖြစ် ၍၊ တစ်ခုစီသည်အလျားတစ်ဆယ့်လေး ကိုက်၊ အနံနှစ်ကိုက်ရှိ၏။-
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့တွင်အပြားခတ်ထားသောရွှေ မှလှီးသောရွှေကြိုးများဖြင့်ရက်လုပ်ထား၏။-