ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-
ထွက်မြောက် 30:13 - Common Language Bible သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။- Garrad Bible ရေ တွက် စု ရုံး ပြီး သူ တို့ ထံ ကူး သွား ရ သူ တိုင်း၊ ပဲ နှစ် ဆယ် ကျ ကကျပ် ချိန် တော် အ လိုက်၊ ငွေ ငါး မူး စီ ငါ ထာ ဝ ရ ဘု ရား အား မြှောက် ဆက် ရာ အ ဖြစ် လှူ စေ။ Judson Bible ရေတွက်၍ စာရင်းဝင်သောသူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တစ်ဝက်စီ ထာဝရဘုရားအားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ် ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။ |
ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-
ယဇ်ပုရောဟိတ်အသီးသီးတို့သည်မိမိ တို့ယဇ်ပူဇော်ပေး၍ရရှိသည့်ငွေများဖြင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုတွင်လိုအပ် သလိုအသုံးပြုရန်တာဝန်ယူရသည်။
အသက်နှစ်ဆယ်နှင့်အထက်ရှိသောသန်း ခေါင်စာရင်းဝင်သူတိုင်းသည်၊ ငါ့အားအခွန် ငွေဆက်ကပ်ရမည်။-
တဲတော်အတွက်လူတို့လှူဒါန်းသောရွှေချိန် စုစုပေါင်းမှာ တရားဝင်ချင်တွယ်နည်းအရ နှစ်ထောင့်တစ်ရာကိုးဆယ့်ငါးပေါင်ရှိ၏။-
ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။-
``သင်တို့၏အလေးများသည်အောက်ပါ အတိုင်းဖြစ်ရမည်။ နှစ်ဆယ်ဂေရာသည်တစ်ကျပ်၊ခြောက်ဆယ်ကျပ် သည်တစ်မာနေဖြစ်၏။
ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။ -အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ် -အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ် -အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ် -အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ် -အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ် -အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ်
တစ်စုံတစ်ယောက်သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်မှုကို အမှတ်မထင်ထိခိုက် အပြစ်ကူးလွန်မိသော်အပြစ်အနာကင်း သောသိုးထီး၊ သို့မဟုတ်ဆိတ်ထီးကိုထာဝရ ဘုရားထံတော်သို့ယူဆောင်ခဲ့ရမည်။ ထိုသိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကို ကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
တစ်လသားအရွယ်ကလေးများကိုကျပ် ချိန်တော်အရ ငွေသားငါးကျပ်ဖြင့်ရွေးယူ စေရမည်။-
ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရနောင်မြို့ သို့ရောက်ကြသောအခါဗိမာန်တော်အတွက်အခွန် ကောက်ခံသူများသည်လာ၍ပေတရုအား ``သင်၏ ဆရာသည်ဗိမာန်တော်ခွန်ပေးဆောင်ပါသလော'' ဟုမေးမြန်းကြ၏။
သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
ပိလတ်မင်းသည်မိမိရှေ့ဆက်လက်ပြောဆိုရန် မဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည့်အရိပ်အရောင် ကိုသာသိမြင်လာသဖြင့်ရေကိုယူ၍ ``ဤသူ သေရခြင်းမှာငါ၏တာဝန်မဟုတ်၊ သင်တို့၏ တာဝန်သာဖြစ်သည်'' ဟုဆိုကာလူတို့ရှေ့တွင် မိမိ၏လက်ကိုဆေး၏။