ထွက်မြောက် 25:3 - Common Language Bible သင်လက်ခံရမည့်လှူဖွယ်ပစ္စည်းများသည် ကား ရွှေ၊ ငွေ၊ ကြေးဝါ၊- Garrad Bible ခံ ယူ ရ မည့် အ လှူ မျိုး ဟူ မူ ကား၊ Judson Bible ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့ထံမှ သင်ခံယူရမည့် အလှူပစ္စည်းဟူမူကား ရွှေ၊ ငွေ၊ ကြေးနီ၊ |
``ဣသရေလအမျိုးသားတို့သည် ငါ့အား လှူဖွယ်ပစ္စည်းတို့ကိုဆက်သရမည်ဟူ၍ ပြောကြားလော့။ သင်သည်အမျိုးသားတိုင်း ထံမှစေတနာအလျောက် ပေးလှူသမျှ ပစ္စည်းတို့ကိုလက်ခံရမည်။-
အတတ်ပညာရှင်တို့သည်ချုပ်လုပ်ရာ၌ သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ရွှေချည်၊ ပိတ်ချော၊ တို့ကိုအသုံးပြုရမည်။
ထိုပြည်တွင်အစားအစာပြတ်လပ်ခြင်းမရှိရ။ အဘယ်အရာကိုမျှလိုလိမ့်မည်မဟုတ်။ ကျောက် တောင်မှသံကိုလည်းကောင်း၊ တောင်ကုန်းများမှ ကြေးနီကိုလည်းကောင်းတူးဖော်ရရှိနိုင်လိမ့် မည်။-