ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။-
ထွက်မြောက် 22:28 - Common Language Bible ``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။ Garrad Bible ငါ ဘု ရား ကို ပြစ် မှား ပြော ဆို ခြင်း၊ သင့် လူ မျိုး အ ပေါ် တွင် အုပ် စိုး သော မင်း ကို ကျိန် ဆဲ ခြင်း မ ပြု နှင့်။ Judson Bible ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။ |
ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။-
ဇေရုယာ၏သားအဘိရှဲကမင်းကြီး အား``အရှင်မင်းကြီး၊ အဘယ်ကြောင့်ဤခွေး သေကောင်ကိုအရှင့်အားကျိန်ဆဲခွင့်ပြု တော်မူပါသနည်း။ အကျွန်ုပ်သည်သွား၍ သူ၏ဦးခေါင်းကိုဖြတ်ပစ်ပါရစေ'' ဟု လျှောက်၏။
ဇေရုယာ၏သားအဘိရှဲက``ရှိမိအားသေ ဒဏ်ပေးသင့်ပါသည်။ သူသည်ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်ကိုကျိန်ဆဲ သူဖြစ်ပါ၏'' ဟုလျှောက်၏။
ထိုနောက်သူ့ကိုမျက်နှာပြောင်တိုက်၍`ဤသူသည် ဘုရားသခင်နှင့်ဘုရင်မင်းမြတ်အားပုတ်ခတ် ပြောဆိုသူဖြစ်ပါသည်' ဟုမသမာသူလူနှစ် ယောက်ကိုပြစ်တင်စွပ်စွဲခိုင်းကြလော့။ ထို့နောက် သူ့အားမြို့ပြင်သို့ထုတ်၍ခဲနှင့်ပေါက်သတ်ကြ လော့'' ဟူသတည်း။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ဘုရားများရှေ့တွင်ကိုယ်တော်ရှင်အား ထောမနာသီချင်းဆိုပါ၏။
သို့ဖြစ်၍ကိုယ်တော်ရှင်အားသစ္စာစောင့်သူတို့သည် အရေးကြုံသည့်အခါများ၌ အထံတော်သို့ဆုတောင်းပတ္ထနာပြုသင့်ကြ ပါသည်။ အဟုန်ပြင်းစွာလွှမ်းမိုး၍လာသောရေသည် သူတို့ထံသို့ရောက်ရှိလိမ့်မည်မဟုတ်ပါ။
သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။-
``သင်တို့လယ်များမှကောက်ရိတ်သိမ်းချိန်သို့ ရောက်လျှင် သင်တို့စိုက်ပျိုးခဲ့သောသီးနှံများ နှင့်ကောက်သိမ်းပွဲတော်ကိုကျင်းပရမည်။ ``နှစ်အကုန်တွင်သင်တို့၏သစ်သီးခြံများမှ သစ်သီးများကိုစုသိမ်းချိန်၌ သစ်သီးသိမ်းပွဲ တော်ကိုကျင်းပရမည်။-
``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိတ်ဆဲနှင့်။ လူကြီး ကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် ထိုအသံကို ဆောင်သွား လိမ့်မည်။ ပျံတတ်သော အကောင်သည် ထိုအမှုကို ဘော်ပြလမ့်မည်။
တစ်စုံတစ်ယောက်သည်ဘုရားသခင်ကို ကျိန်ဆဲလျှင်ထိုသူသည်အပြစ်ကိုခံရမည်။-
သူ့အားသေဒဏ်စီရင်ရမည်ဟူ၍ဣသရေလ အမျိုးသားတို့အားပြောရမည်။ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလနိုင်ငံတွင်နေ ထိုင်သောလူမျိုးခြားဖြစ်စေ၊ ထာဝရဘုရား ကိုကျိန်ဆဲလျှင်ဣသရေလတစ်မျိုးသား လုံးက ထိုသူကိုခဲဖြင့်ပစ်သတ်ရမည်။
ပေါလုက ``ထုံးဖြူသုတ်သည့်အုတ်ရိုး၊ သင့်ကို ဘုရားသခင်မုချဒဏ်ခတ်တော်မူမည်။ သင် သည်အကျွန်ုပ်အားတရားဥပဒေအရ စစ်ဆေးစီရင်ရန် တရားခွင်တွင်ထိုင်လျက် နေစဉ်၌ပင် အကျွန်ုပ်ကိုအရိုက်ခိုင်းခြင်း ဖြင့်တရားဥပဒေကိုချိုးဖောက်ပါသည် တကား'' ဟုဆို၏။
ပေါလုက ``ညီအစ်ကိုတို့၊ ထိုသူသည်ယဇ် ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ ပါ။ ကျမ်းစာတော်တွင် `သင်၏အမျိုးကိုအုပ် စိုးသောသူအားမကောင်းမပြောရ' ဟုဖော် ပြထားပါ၏'' ဟုဖြေကြားလေသည်။
ခပ်သိမ်းသောသူတို့ကိုလေးစားကြလော့။ ယုံကြည် သူတို့ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ ကြလော့။ ဘုရင်ဧကရာဇ်မင်းအားရိုသေကြလော့။
ဤဘုရားမဲ့သောသူတို့သည်လည်းထိုသူတို့ နည်းတူပင်ဖြစ်ကြ၏။ သူတို့သည်မိမိတို့ မြင်မက်သောရူပါရုံများကြောင့် မိမိတို့၏ ကိုယ်ခန္ဓာများကိုညစ်ညမ်းစေကြ၏။ ဘုရား သခင်၏အာဏာကိုမထီလေးစားပြုလျက် အထက်အရပ်မှဘုန်းအသရေရှင်တို့ကို စော်ကားကြ၏။-
ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
ထို့ကြောင့်မိမိ၏လူတို့အား``ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်၊ ငါ၏သခင် အားဘေးအန္တရာယ်မပြုမိစေရန်ထာဝရ ဘုရားသည်ငါ့ကိုဆီးတားတော်မူပါစေ သော။ မင်းကြီးသည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ဖြစ်သဖြင့် ငါသည်သူ့ အားစိုးစဉ်းမျှဘေးအန္တရာယ်မပြုအပ်'' ဟု ဆို၏။-
သို့ရာတွင်ဒါဝိဒ်က``သင်သည်မင်းကြီးအား ဘေးအန္တရာယ်မပြုရ။ ထာဝရဘုရားသည် မိမိဘိသိက်ပေးတော်မူသောဘုရင်အား ဘေး အန္တရာယ်ပြုသူမည်သူကိုမဆိုဧကန်မုချ အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-