ယုဒ 1:8 - Common Language Bible8 ဤဘုရားမဲ့သောသူတို့သည်လည်းထိုသူတို့ နည်းတူပင်ဖြစ်ကြ၏။ သူတို့သည်မိမိတို့ မြင်မက်သောရူပါရုံများကြောင့် မိမိတို့၏ ကိုယ်ခန္ဓာများကိုညစ်ညမ်းစေကြ၏။ ဘုရား သခင်၏အာဏာကိုမထီလေးစားပြုလျက် အထက်အရပ်မှဘုန်းအသရေရှင်တို့ကို စော်ကားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ဤ သို့ ဖြစ် သော် လည်း ဆို ခဲ့ သော ယောင် ယမ်း သူ တို့ သည် ထို နည်း တူ ကိုယ် ကို ညစ် ညူး စေ လျက် အာ ဏာ ပိုင် များ ကို မ ထီ လေး စား ခြင်း၊ ဘုန်း ရှင် များ ကို ကဲ့ ရဲ့ ခြင်း ပြု တတ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ယခု ယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ကိုယ်ကို ညစ်ညူးစေ၍၊ အာဏာစက်ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထိုနည်းတူ ဤအိပ်မက်မြင်မက်တတ်သောသူတို့သည်လည်း ကိုယ်ကာယကိုညစ်ညူးစေလျက် အုပ်စိုးခြင်းကိုဝန်မခံဘဲ ဘုန်းအသရေရှိသောသူကို စော်ကားပြောဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ထိုနည်းတူ ဘုရားသခင်ထံမှ အိပ်မက်ရသည်ဟု မိမိကိုယ်ကိုယ်မှတ်ယူသူများသည် မိမိတို့၏ ကိုယ်ခန္ဓာကို ညစ်ညမ်းစေ၍ အာဏာတော်ကို ဖီဆန်လျက် ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူအပေါင်းတို့သည်မောရှေနှင့်အာရုန် တို့ရှေ့တွင်စုရုံးရောက်ရှိလာ၍``သင်တို့၏ အပြုအမူမှာလွန်ကဲလေပြီ။ ဣသရေလ အမျိုးသားအပေါင်းကိုထာဝရဘုရား ရွေးကောက်တော်မူ၍ ထာဝရဘုရားသည် တစ်မျိုးသားလုံးနှင့်အတူရှိတော်မူ၏။ သို့ ဖြစ်၍မောရှေသည်အဘယ်ကြောင့်ထာဝရ ဘုရား၏ပရိသတ်အပေါ်မှာမိမိကိုယ် ကိုချီးမြှောက်ရပါသနည်း'' ဟုဆိုကြ၏။
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။