ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
ထွက်မြောက် 22:20 - Common Language Bible ``ထာဝရဘုရားမှတစ်ပါးအခြားသော ဘုရားကိုယဇ်ပူဇော်သူအားသေဒဏ်စီရင် ရမည်။ Garrad Bible ငါ ထာ ရ ဘု ရား မှ တစ် ပါး အ ခြား သော ဘု ရား တို့ ထံ ပူ ဇော် သော သူ သည် မြေ လှန် ခံ စေ။ Judson Bible ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။ |
ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-
ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ မည်သူမဆို ကိုယ်တော်အားကိုးကွယ်ခြင်းမပြုပါက ထိုသူသည်အသတ်ခံရမည်ဖြစ်၏။-
``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နှင့် နေထိုင်ခဲ့ဖူး၍ဧည့်သည်၏ခံစားချက်ကို သိသည်ဖြစ်သောကြောင့် သင်တို့၏ပြည်တွင် ဧည့်သည်ဖြစ်သောအခြားအမျိုးသားတို့ ကိုမညှဉ်းဆဲနှင့်။
သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။-
ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သဖြင့် မိမိတို့မြတ်နိုးသည့် စက်ဆုပ်ဖွယ်ရာရုပ်တုများကိုစွန့်ပစ်လိုက် ကြရန်နှင့်အီဂျစ်ဘုရားအတုများကို ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမညစ် ညမ်းကြစေရန်သူတို့အားပြောသော်လည်း၊-
ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားသစ္စာဖောက်၍ကွင်းပြင်များတွင် တိရစ္ဆာန်များကိုသတ်ပြီး နတ်မိစ္ဆာတို့အား နောက်တစ်ဖန်မပူဇော်ရ။ ဣသရေလအမျိုး သားတို့သည် ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ထာဝရဘုရားသည်သူတို့လျှောက်ထားသည် အတိုင်းခါနာန်အမျိုးသားတို့ကိုတိုက်ခိုက် အောင်မြင်စေတော်မူ၏။ ထိုကြောင့်ဣသရေလ အမျိုးသားတို့သည်သူတို့၏မြို့များကို လုံးဝဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်ကို ဟော်မာဟူ၍နာမည်မှည့်ခေါ်လေသည်။
မိဘမဲ့ကလေးများနှင့်မုဆိုးမများသည် တရားမျှတမှုရရှိစေရန်စီရင်တော်မူ၏။ သင်တို့နှင့်အတူတကွနေထိုင်သောလူမျိုး ခြားများကိုချစ်တော်မူသဖြင့် သူတို့၏ စားရေးဝတ်ရေးကိုကြည့်ရှုတော်မူ၏။-
ငါ၏အခွင့်အာဏာမရဘဲနှင့် လူတို့အား ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း၊ အခြားသောဘုရားများ၏အခွင့်အာဏာ ဖြင့် ဆင့်ဆိုသောပရောဖက်သည်လည်းကောင်း သေဒဏ်ခံစေရမည်' ဟုမိန့်တော်မူ၏။''
ယင်းတို့၏အဆက်အနွယ်များသည် တတိယမျိုးဆက်မှစ၍ ထာဝရဘုရား ၏လူမျိုးတော်စာရင်းတွင်ပါဝင်နိုင်၏။
``သင်တို့သည်လူမျိုးခြားနှင့်မိဘမဲ့ကလေး တို့ရထိုက်သောအခွင့်အရေးကိုပေးရမည်။ မုဆိုးမ၏အဝတ်အင်္ကျီကိုအပေါင်ပစ္စည်း အဖြစ်မယူရ။-