တောလည် 21:3 - Common Language Bible3 ထာဝရဘုရားသည်သူတို့လျှောက်ထားသည် အတိုင်းခါနာန်အမျိုးသားတို့ကိုတိုက်ခိုက် အောင်မြင်စေတော်မူ၏။ ထိုကြောင့်ဣသရေလ အမျိုးသားတို့သည်သူတို့၏မြို့များကို လုံးဝဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်ကို ဟော်မာဟူ၍နာမည်မှည့်ခေါ်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible3 ထာ ဝ ရ ဘု ရား နား ညောင်း၍ ခါ နာန် လူ မျိုး တို့ ကို အပ် နှင်း တော် မူ သည် နှင့် ချင်း တို့ နှင့် တ ကွ မြို့ များ ပါ မြေ လှန် ကြ သည် ကို အ စွဲ ပြု၍ ဟော မာ ဟု သ မုတ် ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၏ စကားကိုနားထောင်၍၊ ထိုခါနာန်အမျိုးသားတို့ကို အပ်တော်မူ၏။ သူတို့နှင့် သူတို့မြို့များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး၍၊ ထိုအရပ်ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏စကားကိုနားညောင်းတော်မူ၍ ခါနာန်လူမျိုးတို့ကို သူတို့လက်သို့ အပ်သဖြင့် ထိုလူမျိုးနှင့်သူတို့၏မြို့များကို အကုန်အစင်ဖျက်ဆီးပြီး ထိုအရပ်၏အမည်ကို ဟောမာဟု ခေါ်ကြ၏။ အခန်းကိုကြည့်ပါ။ |