ဧသောသည်ခါနာန်အမျိုးသမီးများကို ဖခင်ဣဇာက်မနှစ်သက်ကြောင်းသိရသဖြင့်၊-
ထွက်မြောက် 21:8 - Common Language Bible သခင်ကထိုမိန်းမကိုမနှစ်သက်သဖြင့် မယားအဖြစ်မပေါင်းလိုလျှင်၊ သူ့ဖခင်က သူ့ကိုပြန်၍ရွေးယူစေရမည်။ သခင်သည် ဝတ္တရားပျက်ကွက်သဖြင့်ကျွန်မကိုအခြား အမျိုးသားများလက်သို့ရောင်းခွင့်မရှိစေ ရ။- Garrad Bible သ ခင် သည် ထို မိန်း မ ကို ကိုယ် တိုင် မှန်း ထား၍ မ နှစ် သက် လျှင် ရွေး နုတ် ခွင့် ပေး စေ။ သ စ္စာ ဖျက် သော ကြောင့် လူ မျိုး ခြား တို့ ထံ ရောင်း ခွင့် မ ရှိ။ Judson Bible သခင်သည် ထိုမိန်းမကို သိမ်းယူ၍မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိသောကြောင့်၊ တစ်ပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။ မြန်မာ့စံမီသမ္မာကျမ်း သခင်သည် ထိုကျွန်မကို မိမိအတွက်ရွေးချယ်ပြီးမှ မနှစ်မြို့လျှင် ကျွန်မအား သူ့ကိုယ်သူ ပြန်ရွေးခွင့်ပေးရမည်။ သခင်သည် သူ့အပေါ် သစ္စာမဲ့သည်ဖြစ်၍ တစ်ပါးအမျိုးသားအား ရောင်းခွင့်မရှိ။ |
ဧသောသည်ခါနာန်အမျိုးသမီးများကို ဖခင်ဣဇာက်မနှစ်သက်ကြောင်းသိရသဖြင့်၊-
ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။-
တစ်စုံတစ်ယောက်သောသူသည်မိမိဝယ်သော ကျွန်မကိုသူ၏သားနှင့်စုံဖက်ပေးလျှင်၊ ထို မိန်းမကိုသမီးကဲ့သို့ပြုစုထားရမည်။-
မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။
သူတို့သည်ငါ့အားသစ္စာဖောက်ကြသဖြင့် ငါသည်သူတို့၏ပြည်ကိုလူသူကင်းမဲ့ စေမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
သင်တို့တွင်အမျိုးသမီးနှင့်ထိမ်းမြားရန် စေ့စပ်ထားသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြား သူတစ်ယောက်ကထိုအမျိုးသမီးကိုထိမ်း မြားလက်ထပ်လိမ့်မည်' ဟုတပ်သားတို့အား ပြောဆိုရမည်။
သို့ရာတွင်သူ၏မိဘတို့က``သင်သည်မိန်းမ တစ်ယောက်ရရှိနိုင်ရန် ထာဝရဘုရားကို မကိုးကွယ်သောဖိလိတ္တိအမျိုးသားတို့ထံ သို့အဘယ်ကြောင့်သွားရပါမည်နည်း။ ငါ တို့အမျိုးသားအချင်းချင်းအထဲမှသော် လည်းကောင်း၊ ငါတို့သားချင်းစုထဲမှသော် လည်းကောင်းမိန်းကလေးတစ်ယောက်ကို ရှာ၍မရနိုင်ပါသလော'' ဟုပြန်၍မေး ကြ၏။ ရှံဆုန်ကလည်းမိမိ၏ဖခင်အား``ထိုအမျိုး သမီးကိုသာလျှင်ကျွန်တော်၏အတွက်တောင်း ရမ်းပေးစေလိုပါသည်။ သူ့အားကျွန်တော်နှစ် သက်ပါသည်'' ဟုဆို၏။
ထို့ကြောင့်ဂိဒေါင်နှင့်သူ၏အိမ်ထောင်စုအား သင်တို့ယနေ့ပြုသည့်အမှုသည်ရိုးသား ဖြောင့်မှန်သည်ဆိုပါမူ သင်တို့သည်အဘိ မလက်နှင့်အတူတကွဝမ်းမြောက်နိုင်ကြ ပါစေသော။-
ရှောလုသည်ဤသို့သီဆိုကြသည်ကိုမနှစ် သက်သဖြင့် အမျက်ထွက်၍``သူတို့ကဒါဝိဒ် သည်သောင်းပေါင်းများစွာသတ်၍ ငါမူကား ထောင်ပေါင်းများစွာသာသတ်ခဲ့ကြောင်းသီ ဆိုချေသည်။ သူ့အားထီးနန်းအပ်နှင်းရန် သာကျန်ပါတော့သည်တကား'' ဟုဆို ပြီးလျှင်၊-
ယင်းသို့ဘုရင်ခန့်ထားပေးရန်လူတို့တောင်း ဆိုကြသည်ကို ရှမွေလမနှစ်သက်သဖြင့် ထာဝရဘုရားထံတော်သို့ဆုတောင်းပတ္ထ နာပြုလေ၏။-