ထိုအခါရှောလမုန်က၊ ``အို ထာဝရဘုရား၊ကိုယ်တော်သည် မိုးကောင်းကင်တွင်နေကိုထားရှိတော်မူသော်လည်း၊ မိုးတိမ်တွင်လည်းကောင်း၊မှောင်မိုက်တွင်လည်းကောင်း စံရန်ရွေးချယ်တော်မူပါ၏။
ထွက်မြောက် 20:21 - Common Language Bible သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။ Garrad Bible မော ရှေ သည် ဘု ရား သ ခင် ရှိ တော် မူ ရာ တ ခဲ နက် မှောင် အ တိ သို့ ချဉ်း ကပ် သော် လူ မျိုး လည်း အ ဝေး၌ ပင် ရပ် နေ ကြ ၏။ Judson Bible လူများတို့သည်လည်း အဝေး၌ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သောမှောင်မိုက်သို့ ချဉ်းကပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဘုရားသခင်ရှိရာအမှောင်ထုသို့ ချဉ်းကပ်သောအခါ လူတို့သည် အဝေး၌ရပ်နေကြ၏။ |
ထိုအခါရှောလမုန်က၊ ``အို ထာဝရဘုရား၊ကိုယ်တော်သည် မိုးကောင်းကင်တွင်နေကိုထားရှိတော်မူသော်လည်း၊ မိုးတိမ်တွင်လည်းကောင်း၊မှောင်မိုက်တွင်လည်းကောင်း စံရန်ရွေးချယ်တော်မူပါ၏။
ရှောလမုန်က ``အို ထာဝရဘုရား၊ကိုယ်တော်သည် စံတော်မူရန်အတွက်မိုးတိမ်နှင့်မှောင်မိုက်ကို ရွေးချယ်တော်မူပါပြီ။
ကိုယ်တော်ရှင်သည်မိမိကိုယ်ကိုအလင်းရောင်ဖြင့် လွှမ်းခြုံတော်မူပါ၏။ မိုးကောင်းကင်ကိုတဲရှင်သဖွယ်ဖြန့်တော်မူ၍
ကိုယ်တော်၏ရှေ့တော်တွင်မိုးသီးနှင့်မီးလျှံ များသည် လျှပ်စစ်ပြက်ရာမှပေါ်ထွက်လာလျက်၊ မဲမှောင်နေသောမိုးတိမ်များကိုထွင်းဖောက်၍ ကျလာ၏။
ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
မိုးတိမ်များနှင့်မှောင်မိုက်တို့သည်ကိုယ်တော်ကို ဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏အုပ်စိုးခြင်းသည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံ၏။
မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
သင်တို့သည်မီးကိုကြောက်ရွံ့သဖြင့်တောင် ပေါ်သို့မတက်ဝံ့သောကြောင့် ငါသည်ထာဝရ ဘုရားနှင့်သင်တို့စပ်ကြားတွင်ရပ်လျက် ထာဝရဘုရား၏အမိန့်တော်ကိုသင်တို့ အားဆင့်ဆိုခဲ့၏။''
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။