သူတစ်ပါး၏အသရေကိုမဖျက်တတ်သူ ဖြစ်ပါ၏။ ထိုသူသည်မိမိ၏မိတ်ဆွေများကိုမပြစ်မှားတတ်။ အိမ်နီးချင်းတို့၏အကြောင်းကိုလည်းမကောင်း သတင်း မလွှင့်တတ်။
ထွက်မြောက် 20:16 - Common Language Bible ``သူတစ်ပါး၏တစ်ဘက်၌မတရားသက်သေ မခံနှင့်။ Garrad Bible သူ တစ် ပါး ၏ တစ် ဘက်၌ မု သာ သက် သေ မ ခံ နှင့်။ Judson Bible ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ မမှန်သောသက်သေမထွက်ဆိုရ။ |
သူတစ်ပါး၏အသရေကိုမဖျက်တတ်သူ ဖြစ်ပါ၏။ ထိုသူသည်မိမိ၏မိတ်ဆွေများကိုမပြစ်မှားတတ်။ အိမ်နီးချင်းတို့၏အကြောင်းကိုလည်းမကောင်း သတင်း မလွှင့်တတ်။
``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။
လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။-
သူတစ်ပါးအသရေပျက်စေသောစကား ကိုလှည့်လည်၍မပြောရ။ သေဒဏ်ခံထိုက်သော ပြစ်မှုကိုကူးလွန်သူအားတရားစီရင်နေ စဉ် သူ့ဘက်ကသက်သေပြနိုင်လျှင်ဖော်ထုတ် ပြောဆိုလော့။ ငါသည်ထာဝရဘုရားဖြစ် တော်မူ၏။
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
ထိုသူက ``အဘယ်ပညတ်များပါနည်း'' ဟုလျှောက် လျှင်ကိုယ်တော်က ``လူ့အသက်ကိုမသတ်နှင့်။ သူ့အိမ် ရာကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။-
စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။
ထို့နောက်သူတို့သည်မုသားသက်သေများကို ခေါ်ဆောင်ခဲ့ကြ၏။ ထိုသက်သေများက``ဤသူ သည်ဗိမာန်တော်နှင့်ပညတ်တရားတော်တို့ ကိုဆန့်ကျင်၍ အမြဲပြောဆိုလျက်နေပါ၏။-
ထို့ကြောင့်နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက် ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူတစ်ပါး အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း တို့ကိုပယ်ရှားကြလော့။-
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
အကြင်နာကင်းမဲ့သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ သူတစ်ပါးအသရေကိုဖျက်သူ၊ အကြမ်းဖက် သူ၊ ကြမ်းတမ်းသူ၊ ကောင်းမြတ်သည့်အရာကို မုန်းသူ၊-
ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းပုတ် ခတ်ဝေဖန်လျှင်သော်လည်းကောင်း၊ စစ်ကြော စီရင်လျှင်သော်လည်းကောင်းပညတ်တရား တော်ကိုပုတ်ခတ်ပြောဆိုစစ်ကြောစီရင်ရာ ရောက်၏။ ပညတ်တရားတော်ကိုစစ်ကြောစီရင် ကြလျှင် သင်တို့သည်ထိုတရားတော်ကိုစောင့် ထိန်းသူများမဟုတ်ဘဲစစ်ကြောစီရင်သူ များသာဖြစ်ကြ၏။-