ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
ထွက်မြောက် 15:22 - Common Language Bible ထိုနောက်မောရှေသည်ဣသရေလအမျိုးသား တို့ကို ပင်လယ်နီမှရှုရဟုခေါ်သောတော ကန္တာရသို့ခေါ်ဆောင်သွားလေ၏။ သူတို့သည် တောကန္တာရထဲတွင်သုံးရက်ခရီးသွားခဲ့ ရသော်လည်းလမ်းတွင်ရေကိုမတွေ့ရ။- Garrad Bible ထို နောက် မော ရှေ သည် ဣ သ ရေ လ လူ တို့ ကို ပင် လယ် နီ မှ ဆောင် သွား သ ဖြင့် ရှု ရ တော သို့ ရောက် ကြ လျှင် ထို တော၌ ရေ မ တွေ့ ဘဲ သုံး ရက် ခ ရီး သွား ပြီး နောက်၊ Judson Bible ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကိုမတွေ့မရကြ။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေသည် အစ္စရေးလူမျိုးတို့ကို ပင်လယ်နီမှ ဆောင်သွားသဖြင့် ရှုရတောကန္တာရသို့ရောက်ကြ၏။ သူတို့သည် တောကန္တာရထဲ၌ သုံးရက်ပတ်လုံးလျှောက်သွား၍ ရေကိုမတွေ့ရကြ။ |
ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
ဣရှမေလ၏အဆက်အနွယ်တို့သည်အီဂျစ် ပြည်အရှေ့ဘက်အာရှုရိပြည်သို့သွားရာလမ်း တွင် ဟဝိလမြို့နှင့်ရှုရမြို့အကြားရှိဒေသ တွင်နေထိုင်ကြသည်။ သူတို့သည်အာဗြဟံ၏ အခြားသောအဆက်အနွယ်တို့နှင့်တသီး တခြားနေထိုင်ကြလေသည်။
ကိုယ်တော်သည်မိမိ၏လူစုတော်အား တောကန္တာရကိုဖြတ်၍လမ်းပြပို့ဆောင်တော် မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။
ထိုနောက်ကိုယ်တော်သည်မိမိ၏လူစုတော်ကို သိုးထိန်းသဖွယ်ရှေ့ဆောင်ကာတောကန္တာရကို ဖြတ်၍ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည်သူတို့အားဘေးမဲ့လုံခြုံစွာ ပို့ဆောင်တော်မူသည်ဖြစ်၍သူတို့သည် မကြောက်မလန့်ကြ။ သို့ရာတွင်ပင်လယ်ရေသည်သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။
ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်းသိန် ဟုခေါ်သောတောကန္တာရမှထွက်၍ စခန်း တစ်ထောက်ပြီးတစ်ထောက်နားလျက်ခရီး သွားကြ၏။ သူတို့သည်ရေဖိဒိမ်အရပ်သို့ ရောက်၍စခန်းချကြ၏။ သို့ရာတွင်ထို အရပ်၌သောက်စရာရေမရှိ။-
``သူတို့သည်သင့်စကားကိုနားထောင်ကြ မည်။ ထိုနောက်သင်သည်ဣသရေလအမျိုး သားခေါင်းဆောင်တို့နှင့်အတူ ဖာရောဘုရင် ထံသို့ဝင်၍ဘုရင်အား`အကျွန်ုပ်တို့သည် ဟေဗြဲအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်နှင့်ဖူးတွေ့ခဲ့ရပါပြီ။ အကျွန်ုပ် တို့၏ထာဝရအရှင်ဘုရားသခင်အား ယဇ်ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက် ခရီးထွက်ခွင့်ပေးပါ' ဟုလျှောက်ထားလော့။-
သူတို့သည်ပိဟဟိရုတ်စခန်းမှထွက်လာ ၍ ပင်လယ်နီကိုဖြတ်ကူးပြီးလျှင်ဧသံ တောကန္တာရသို့ရောက်ကြ၏။ သုံးရက်ခရီး သွားပြီးနောက်မာရစခန်း၌ရပ်နား ကြ၏။-
ရှောလုသည်ဟဝိလမြို့မှအီဂျစ်ပြည်၏ အရှေ့ဘက်၌ရှိသော ရှုရမြို့တိုင်အောင်အာ မလက်အမျိုးသားတို့အားလိုက်လံတိုက် ခိုက်လေသည်။-
ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။-