ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
တရားဟော 30:20 - Common Language Bible သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အားကတိထားတော်မူ သောပြည်တွင် သင်တို့နှင့်သင်တို့၏အဆက် အနွယ်များကြာရှည်စွာအသက်ရှင်နေထိုင် နိုင်စေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်၍အမိန့်တော်ကိုနာခံလျက် ကိုယ်တော်ရှင်အားဆည်းကပ်ကိုးကွယ်ကြ လော့'' ဟုမှာကြားလေ၏။ Judson Bible သို့ဖြစ်၍၊ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည် အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုချစ်၍ စကားတော်ကို နားထောင်သဖြင့်၊ အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည် အကြောင်းနှင့်လည်းကောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည်အကြောင်းနှင့် ယှဉ်သောအသက်တရားကို ရွေးယူလော့ဟု ဣသရေလအမျိုးအား ဟောပြော၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်ကို သင်၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်နေထိုင်နိုင်မည့်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ အသက်တာရှည်ခြင်းကိုပေးတော်မူသော သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်လော့၊ ကိုယ်တော်၌ဆည်းကပ်လော့”ဟု ဆိုလေ၏။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါသည်အဘယ်သူကိုမျှကြောက်လန့်ရ အံ့နည်း။ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။
ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူ မိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။
ကိုယ်တော်ရှင်ထံမှသတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။ ကိုယ်တော်ရှင်၏အလင်းတော်ကြောင့် ကျွန်တော်မျိုးတို့သည်အလင်းကိုရရှိကြ ပါ၏။
ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
ကိုယ်တော်သည်ငါတို့အားမသေစေဘဲ အသက်ချမ်းသာပေးတော်မူခဲ့ပါ၏။ ငါတို့အားပြိုလဲစေတော်မမူခဲ့ပါ။
ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်များကို လိုက်လျှောက်လော့။ သို့ပြုလျှင်သင်တို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
ထာဝရအသက်ဟူသည်တစ်ဆူတည်းသော ဘုရားဖြစ်တော်မူသည့်ကိုယ်တော်ကိုလည်း ကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသောယေရှု ခရစ်ကိုလည်းကောင်းသိကျွမ်းခြင်းပင်ဖြစ် ပါ၏။-
သူသည်ထိုမြို့သို့ရောက်၍လူတို့အား ဘုရား သခင်အဘယ်သို့ကောင်းချီးပေးတော်မူသည် ကိုမြင်သောအခါ ရွှင်လန်းဝမ်းမြောက်သဖြင့် သခင်ဘုရားအားစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား၍ သစ္စာစောင့်ကြရန်တိုက် တွန်းနှိုးဆော်လေသည်။-
ထိုအရှင်ကိုယ်တိုင်ပင်လူခပ်သိမ်းတို့အား အသက်နှင့်တကွအခြားလိုအပ်သည့်အရာ ရှိသမျှကိုပေးသနားတော်မူ၏။ သို့ဖြစ် ၍တစ်စုံတစ်ခုကိုလိုလား၍လူ့လက်မှ အထောက်အပံ့ကိုခံယူရန်မလိုပေ။-
သင်တို့၏မေတ္တာသည်ဟန်ဆောင်မှုနှင့်လုံးဝ ကင်းရမည်။ သင်တို့သည်ဆိုးညစ်မှုကိုမုန်း ၍ကောင်းမြတ်မှုကိုစွဲလမ်းလော့။-
သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်ကိုသာဝတ်ပြု ကိုးကွယ်ရမည်။ ထာဝရဘုရားကိုသစ္စာ စောင့်၍ နာမတော်ကိုသာတိုင်တည်လျက် သစ္စာဆိုရမည်။-
``သင်တို့အားငါမှာကြားသောပညတ်တော် ရှိသမျှတို့ကို လိုက်နာရန်သတိပြုကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ မိန့်တော်မူသမျှကိုလိုက်လျှောက်လျက် သစ္စာတော်ကိုစောင့်လော့။-
ထို့အပြင်သင်တို့၏ဘိုးဘေးတို့နှင့်သူတို့ အဆက်အနွယ်များအားပေးမည်ဟူ၍ ထာဝရ ဘုရားကတိထားတော်မူသောအစာရေစာ ပေါကြွယ်ဝသည့်ပြည်တွင် သင်တို့သည်ကြာ ရှည်စွာ နေထိုင်ရကြလိမ့်မည်။-
သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး သောအခါ ထာဝရဘုရားသည်ထိုပြည်ကို သင်တို့အားသိမ်းပိုက်နေထိုင်စေတော်မူလိမ့် မည်။ ထာဝရဘုရားသည်သင်တို့ကိုရန်သူ အပေါင်းတို့၏ဘေးရန်မှကာကွယ်တော်မူ သဖြင့် သင်တို့သည်ငြိမ်းချမ်းစွာနေထိုင် နိုင်လိမ့်မည်။-
ငါယနေ့ပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကိုစောင့် ထိန်းလျှင်၊ ကိုယ်တော်ကိုချစ်၍အမိန့်တော်ကို နာခံလျက် ပညတ်တရားတော်ရှိသမျှကို စောင့်ထိန်းလျှင် သင်တို့၏နိုင်ငံသည်ဖွံ့ဖြိုး၍ လူဦးရေများပြားလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့သိမ်းယူ နေထိုင်မည့်ပြည်တွင်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏ အဆက်အနွယ်တို့အား နားထောင်တတ် သောသဘောကိုပေးတော်မူလိမ့်မည်။ သင် တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်လျက် ထိုပြည်တွင်ဆက်လက်နေထိုင်နိုင်ရန်၊-
ဤပညတ်များသည်အကျိုးမဲ့ဖြစ်သည်မဟုတ်။ သင်တို့အသက်ရှင်ရာရှင်ကြောင်းဖြစ်၏။ သင် တို့သည်ဤပညတ်တို့ကိုစောင့်ထိန်းလျှင်ယော်ဒန် မြစ်တစ်ဖက်ရှိသင်တို့ဝင်ရောက်မည့်ပြည်တွင် ကြာရှည်စွာနေထိုင်ရကြလိမ့်မည်'' ဟုမှာ ကြားလေသည်။
ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ် သောသင်တို့ကိုမူ ယနေ့တိုင်အောင်အသက် ရှင်စေတော်မူ၏။''
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
သင်တို့သည်ထိုပညတ်တော်တို့ကိုတစ်သဝေ မတိမ်းလိုက်နာစောင့်ထိန်းကြလျှင် အခြား သောလူမျိုးများရှေ့တွင်သင်တို့၏၊ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားလိမ့်မည်။ သူတို့သည်ထို ပညတ်တော်ရှိသမျှကိုကြားရသောအခါ `ဤလူမျိုးသည်ဉာဏ်ပညာအမြော်အမြင် နှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်ပါသည် တကား' ဟုချီးကူးကြလိမ့်မည်။''
`` `သင်တို့အားထာဝရဘုရားပေးသနား တော်မူမည့်ပြည်တွင် သင်တို့သည်ကောင်းစား ၍အသက်ရှည်စေရန် သင်တို့၏ဘုရားသခင် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိဘကိုရိုသေသမှုပြုကြလော့။
သင်တို့နှင့်သင်တို့၏အဆက်အနွယ်တို့သည် အသက်ရှင်သမျှကာလပတ်လုံးသင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ ရိုသေရကြမည်။ သင်တို့သည်ထိုပြည်တွင် ကြာရှည်စွာနေထိုင်နိုင်ရန် ငါပေးသော ပညတ်တော်ရှိသမျှတို့ကိုနားထောင်၍ စောင့်ထိန်းကြလော့။-
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်မြတ်နိုးရန်သတိမူကြ လော့။-
သင်တို့သည်ယနေ့အထိထာဝရဘုရား ၏သစ္စာတော်ကိုစောင့်ထိန်းသကဲ့သို့ဆက် လက်စောင့်ထိန်းကြလော့။-
ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-
ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။