တရားဟော 11:9 - Common Language Bible9 ထို့အပြင်သင်တို့၏ဘိုးဘေးတို့နှင့်သူတို့ အဆက်အနွယ်များအားပေးမည်ဟူ၍ ထာဝရ ဘုရားကတိထားတော်မူသောအစာရေစာ ပေါကြွယ်ဝသည့်ပြည်တွင် သင်တို့သည်ကြာ ရှည်စွာ နေထိုင်ရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Judson Bible9 ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက်တာ ရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသောပညတ်တို့ကို စောင့်ရှောက်ရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထာဝရဘုရားက ထိုပြည်ကို သင်တို့၏ဘိုးဘေးတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ နို့နှင့်ပျားရည်စီးသောထိုပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ကြရမည်။ အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
အို ဣသရေလအမျိုးသားတို့၊ ထိုပညတ်တော် များကိုစောင့်ထိန်းလော့။ ထိုသို့ပြုလျှင်ဘိုး ဘေးတို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း သင်တို့သည်ကြွယ်ဝ ကောင်းစား၍အင်အားကြီးသောလူမျိုးဖြစ် လာလိမ့်မည်။ အစာရေစာပေါကြွယ်ဝသော ပြည်တွင်နေထိုင်ရကြလိမ့်မည်။''
သင်တို့၏ကောင်းမှုကုသိုလ်ကြောင့်ထာဝရ ဘုရားသည် ထိုပြည်ကိုသင်တို့အားပေးတော် မူသည်မဟုတ်။ ထိုသူတို့ဆိုးယုတ်သောကြောင့် လည်းကောင်း၊ သင်တို့၏ဘိုးဘေးများဖြစ်ကြ သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားထား ခဲ့သောကတိတော်ကိုတည်စေရန် အလိုတော် ရှိသောကြောင့်လည်းကောင်း ထာဝရဘုရား သည်ထိုသူတို့ကိုနှင်ထုတ်တော်မူမည်။-