သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။-
တရားဟော 1:46 - Common Language Bible ``ထို့ကြောင့်ငါတို့သည်ကာဒေရှအရပ်၌ ကြာမြင့်စွာနေထိုင်ကြလျက်။- Garrad Bible ထို ကြောင့်၊ ကာ ဒေ ရှ မြို့၌ ကြာ မြင့် စွာ နေ မြဲ နေ ရ ကြ သ တည်း။ Judson Bible ထိုကြောင့် ကာဒေရှအရပ်၌ အရင်နေသကဲ့သို့ ကြာမြင့်စွာနေပြန်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် ကာဒေရှအရပ်၌ ရက်ပေါင်းများစွာနေထိုင်ခဲ့ရ၏။ |
သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။-
ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
ဣသရေလအမျိုးသားတို့သည်ကာဒေရှ အရပ်မှထွက်ခွာခဲ့ရာ ဧဒုံပြည်နယ်စပ်ရှိ ဟောရတောင်သို့ရောက်ရှိကြလေသည်။ ထို အရပ်တွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား၊-
ကာဒေရှဗာနာအရပ်မှဇေရက်မြစ်ကိုကူး သည်အထိ နှစ်ပေါင်းသုံးဆယ်ရှစ်နှစ်ကြာခဲ့ သည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထိုလူမျိုးဆက်မှစစ်သူရဲအပေါင်းတို့ သည်ကွယ်လွန်ကြလေပြီ။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
ငါ့ထံသို့အော်ဟစ်၍အကူအညီတောင်းခံ ကြသည်။ ထိုအခါငါသည်သူတို့နှင့်အီဂျစ် တပ်သားများအကြားတွင်အမှောင်ထုကို ကျစေ၏။ ရန်သူများအပေါ်သို့ပင်လယ်ရေ လွှမ်းစေသဖြင့် သူတို့သည်ရေနစ်သေဆုံး ကြကုန်၏။ ငါသည်အီဂျစ်ပြည်အားမည်ကဲ့ သို့ဆုံးမခဲ့သည်ကိုသင်တို့သိကြ၏။ ```သင်တို့သည်တောကန္တာရတွင်ကြာမြင့်စွာနေ ထိုင်ခဲ့ရကြ၏။-