သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
တောလည် 6:20 - Common Language Bible ယဇ်ပုရောဟိတ်သည် ထိုပူဇော်သကာများ ကိုထာဝရဘုရားအား အထူးလှူဖွယ် အဖြစ်ဆက်သရမည်။ ထိုပူဇော်သကာများ အပြင်ပညတ်တော်အရ ယဇ်ပုရောဟိတ် ပိုင်သောသိုး၏ရင်ပုံသားနှင့်ပေါင်တို့သည် ယဇ်ပုရောဟိတ်အတွက်လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ သို့ပြီးမှနာဇရိဂိုဏ်းဝင်သည် စပျစ်ရည်ကိုသောက်နိုင်သည်။ Garrad Bible ဦး တိုက် ရာ ရင် ထူး၊ မြှောက် ဆက် ရာ ပေါင် များ နည်း တူ ပ ရော ဟိတ် အ ဖို့ သီး သန့် ရာ အ ပိုင် ဖြစ် သော ထို ဝ တ္ထု များ ကို ဦး တိုက် ရာ အ လှူ အ ဖြစ် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ပြီး မှ ပ ရ ဗိုဇ် ဂိုဏ်း သား သည် စ ပျစ် ရည် သောက် ခွင့် ရ လိမ့် မည်။ Judson Bible ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သကာဖို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဖို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကိုသောက်ရသောအခွင့်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ၎င်းတို့နှင့် ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့သည် ယဇ်ပုရောဟိတ်အဖို့ သန့်ရှင်း၏။ ထို့နောက်မှ နာဇရိလူသည် စပျစ်ဝိုင်ကိုသောက်ခွင့်ရှိ၏။ |
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇိအုန် တောင်တော်ပေါ်တွင်ကမ္ဘာပေါ်ရှိလူမျိုးတကာ တို့အတွက် အမွန်မြတ်ဆုံးစားဖွယ်ခဲဖွယ်များ နှင့်အကောင်းဆုံးစပျစ်ရည်များဖြင့် ညစာ စားပွဲကြီးကိုပြင်ဆင်တော်မူလိမ့်မည်။-
သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။
သူတို့သည်ထာဝရဘုရားအား ပူဇော် သကာအဖြစ်ယဇ်ကောင်အဆီကိုပူဇော် သောအခါ ရင်ဒူးနှင့်ပေါင်တို့ကိုယူဆောင် ခဲ့ရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း ဤယဇ်ကောင်ပိုင်းများသည် သင်နှင့် သင်၏သားစဉ်မြေးဆက်အတွက်ဝေစု ဖြစ်ရမည်'' ဟုဆိုလေသည်။
သင်တို့သည်ထာဝရဘုရား၏စိတ်တော် နှင့်တွေ့နိုင်ရန် ယဇ်ပုရောဟိတ်သည်ထိုကောက် လှိုင်းစည်းကိုအထူးပူဇော်သကာအဖြစ် ဆက်သရမည်။ ယဇ်ပုရောဟိတ်သည်ထို ပူဇော်သကာကို ဥပုသ်နေ့လွန်သည့်နောက် တစ်နေ့တွင်ဆက်သရမည်။-
မီးရှို့ရာယဇ်ပူဇော်သကာအနေနှင့် မိမိ လက်နှင့်ကိုယ်တိုင်ယူဆောင်ခဲ့ရမည်။ သူသည် ယဇ်ကောင်၏အဆီနှင့်တကွရင်ပုံသားကို ထာဝရဘုရားအတွက် အထူးပူဇော် သကာအဖြစ်ယူဆောင်ခဲ့ရမည်။-
ယဇ်ပုရောဟိတ်သည်အဆီကိုယဇ်ပလ္လင်ပေါ် တွင် မီးရှို့ပူဇော်ရမည်။ သို့ရာတွင်ရင်ပုံသား သည် ယဇ်ပုရောဟိတ်များစားသုံးရန်အတွက် ဖြစ်သည်။-
မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီ ကို ပူဇော်သောယဇ်ပုရောဟိတ်အား ယဇ်ကောင် ၏လက်ယာပေါင်ကိုအထူးလှူဖွယ်အဖြစ် ပေးရမည်။-
ယဇ်ကောင်၏ရင်ပုံသားနှင့်လက်ယာပေါင်တို့ သည် ထာဝရဘုရားကဣသရေလအမျိုး သားတို့ထံမှ ယဇ်ပုရောဟိတ်များအား အထူးလှူဖွယ်အဖြစ်သတ်မှတ်ပေးသော ဝေစုဖြစ်သည်။ ဣသရေလအမျိုးသားတို့ သည် ထိုဝေစုကိုယဇ်ပုရောဟိတ်တို့အား ထာဝစဉ်လှူဒါန်းရမည်။-
သူသည်မောရှေမှာထားသည့်အတိုင်းရင်ဒူး များနှင့် နောက်ပေါင်များကိုယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအားအထူးလှူဖွယ် အဖြစ်ဝှေ့ရမ်းလျက်ဆက်ကပ်လေသည်။
ဣသရေလအမျိုးသားတို့သည်စစ်သည်သူရဲ များကဲ့သို့ ကြံ့ခိုင်လျက်စပျစ်ရည်သောက်သူများကဲ့သို့ ပျော်ရွှင်လျက်နေလိမ့်မည်။ သူတို့၏သားမြေးများသည်ဤအောင်ပွဲကို ပြန်လည်သတိရကာ ထာဝရဘုရားပြုတော်မူခဲ့သည့်အမှု တော်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကိုကာကွယ်စောင့်ထိန်း တော်မူလိမ့်မည်။ သူတို့သည်လည်းရန်သူများကို နှိမ်နင်းအောင်မြင်ကြလိမ့်မည်။ သူတို့သည်သေသောက်ကြူးများကဲ့သို့စစ် ပွဲတွင် ဟစ်အော်ကြလျက်ရန်သူများကိုသတ်ဖြတ် ကြလိမ့်မည်။ ထိုသူတို့၏သွေးသည်အင်တုံမှယဇ်ပလ္လင် ပေါ်သို့ သွန်းလောင်းလိုက်သည့်သွေးကဲ့သို့စီးဆင်း လာလိမ့်မည်။
ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။
အထူးပူဇော်သကာမှရင်ပုံသားနှင့်ယာ ဘက်ပေါင်သည် သင်တို့နှင့်ဆိုင်သကဲ့သို့ ယင်းတို့၏အသားသည်လည်းသင်တို့နှင့် ဆိုင်၏။
ယဇ်ပုရောဟိတ်သည် အမျိုးသမီး၏လက်ထဲမှ မုန့်ညက်ကိုယူ၍ ထာဝရဘုရားအားဆက်ကပ် ပြီးလျှင် ယဇ်ပလ္လင်ပေါ်သို့တင်ရမည်။-
ဤပညတ်များသည်နာဇရိဂိုဏ်းဝင်တို့ အတွက် ပြဋ္ဌာန်းထားသည့်ပညတ်များဖြစ် သည်။ သို့ရာတွင်လူတစ်ဦးသည်နာဇရိ ဂိုဏ်းဝင်ဖြစ်ရန်အတွက် အဋ္ဌိဋ္ဌာန်ပြုရန်လို အပ်သည်ထက်ပို၍ပြုခဲ့သော် ထိုအဋ္ဌိဋ္ဌာန် အတိုင်းဆောင်ရွက်စေရမည်။
သင်တို့အားငါဆိုသည်ကားယခုအချိန်မှ စ၍ငါ့ခမည်းတော်၏နိုင်ငံတော်တွင်သင်တို့ နှင့်အတူစပျစ်ရည်သစ်ကိုသောက်ရသည့်နေ့ မတိုင်မီငါသည်ဤစပျစ်ရည်ကိုနောက်တစ်ဖန် မသောက်တော့ပြီ'' ဟုမိန့်တော်မူ၏။
သင်တို့အားငါဆိုသည်ကားဘုရားသခင်၏ နိုင်ငံတော်တွင် စပျစ်ရည်သစ်ကိုသောက်ရသည့် နေ့မတိုင်မီ ငါသည်ဤစပျစ်ရည်ကိုနောက်တစ် ဖန်သောက်တော့မည်မဟုတ်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
သခင်ယေရှုသည်ထိုပုန်းရည်ကိုသောက်တော် မူပြီးမှ ``အမှုပြီးပြီ'' ဟုမိန့်တော်မူကာ ဦးခေါင်းတော်ကိုငိုက်လျက်အသက်ချုပ် တော်မူ၏။