ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
တောလည် 1:51 - Common Language Bible သင်တို့သည်စခန်းပြောင်းရွှေ့သည့်အခါတိုင်းလေဝိအမျိုးသားတို့က တဲတော်ကိုသိမ်း၍စခန်းသစ်ချရာ၌တဲတော်ကိုပြန်ထူရမည်။ လေဝိအမျိုးသားတို့မှလွဲ၍ အခြားသူတစ်ဦးသည် တဲတော်အနီးသို့ချဉ်းကပ်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်။- Garrad Bible စံ ရာ တော် ကို ပင့် ဆောင် ရာ၌ လေ ဝိ အ နွယ် သား တို့ သာ ချ ခြင်း၊ စိုက် ရာ၌ လည်း လေ ဝိ အ နွယ် သား တို့ သာ ထူ ခြင်း ပြု ကြ ရ မည်။ မ ဆိုင် သူ ချဉ်း ကပ် မိ သော် ကား သေ ဒဏ် ခံ စေ။ Judson Bible တဲတော်ကို ယူသွားချိန်ရောက်သောအခါ၊ လေဝိသားတို့သည်ရုပ်သိမ်းရမည်။ နေရာချချိန်ရောက်သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတစ်ပါး အခြားသောအမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း ရွှေ့ပြောင်းသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းရမည်။ စခန်းချသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို စိုက်ထူရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။ |
ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင်တဲတော် ကိုဖုံးလွှမ်းနေသောမိုးတိမ်သည်အထက် သို့တက်ကြွသဖြင့်၊-
အာရုန်၏အဆက်အနွယ်မဟုတ်သူမည် သူတစ်စုံတစ်ယောက်မျှ ထာဝရဘုရား အားနံ့သာပေါင်းကိုပူဇော်ရန်ယဇ်ပလ္လင် သို့မချဉ်းကပ်ရဟုကြေးဝါအဖုံးက ဣသရေလအမျိုးသားတို့ကိုသတိပေး ၏။ ဤပညတ်ကိုမလိုက်နာသူသည်ကောရ နှင့်သူ၏နောက်လိုက်များနည်းတူ ပျက်စီး ဆုံးရှုံးရလိမ့်မည်။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာတော်မူသမျှ တို့ကို ဧလာဇာဆောင်ရွက်လေသည်။
တဲတော်အနီးသို့ချဉ်းကပ်မိသူတိုင်းသေ ရမည်ဆိုလျှင် အကျွန်ုပ်တို့အားလုံးသေဆုံး ရပါတော့မည်'' ဟုဆိုကြလေသည်။
ငါရွေးကောက်သောသူ၏တောင်ဝှေးမှ အညှောက်ထွက်လိမ့်မည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့ သင့်အား မကြာခဏညည်းညူအပြစ်တင်ခြင်း ပြုတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
အခြားသောဣသရေလအနွယ်ဝင်တို့သည် တဲတော်အနီးသို့မချဉ်းကပ်ရ၊ ချဉ်းကပ်မိ သောသူတို့သည်သေဒဏ်ခံရမည်။-
သူတို့သည်သင့်ဝေယျာဝစ္စနှင့်တဲတော် ဝေယျာဝစ္စကိုဆောင်ရွက်ရကြမည်။ သို့ရာ တွင်သူတို့သည်သန့်ရှင်းရာဌာနတော်နှင့် ဆိုင်သောပစ္စည်းများကိုလည်းကောင်း၊ ယဇ် ပလ္လင်ကိုလည်းကောင်းမထိမကိုင်ရ။ အကယ် ၍ထိကိုင်မိလျှင်သင်နှင့်တကွသူတို့သည် သေဒဏ်ခံရကြမည်။-
သူတို့သည်သင်နှင့်အတူတဲတော်နှင့်ဆိုင် သောတာဝန်များကိုထမ်းဆောင်ရမည်။ လေဝိ အနွယ်ဝင်မှတစ်ပါးအခြားမည်သူမျှ သင်နှင့်အတူတဲတော်တာဝန်ကိုမဆောင် ရွက်စေရ။-
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
သင်သည်အာရုန်နှင့်သူ၏သားတို့အားယဇ် ပုရောဟိတ်၏ဝတ္တရားများကိုဆောင်ရွက်ခန့် ထားရမည်။ မဆိုင်သူကယဇ်ပုရောဟိတ် ဝတ္တရားများကိုဝင်ရောက်ဆောင်ရွက်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်'' ဟုမိန့် တော်မူ၏။
မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။