ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
တမန်တော်ဝတ္ထု 28:16 - Common Language Bible ရောမမြို့သို့ရောက်ကြသောအခါပေါလု သည် တစ်ကိုယ်တည်းအစောင့်စစ်သားတစ်ယောက် နှင့်အတူနေခွင့်ရရှိ၏။ Garrad Bible ရော မ မြို့ သို့ ဝင် ရောက် ကြ သည့် ကာ လ ပေါ လု သည် အ စောင့် အ ကြပ် စစ် သည် နှင့် သီး ခြား နေ ထိုင် ခွင့် ရ၏။ Judson Bible ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည် မိမိကိုစောင့်သော စစ်သူရဲတစ်ယောက်နှင့်အတူ မိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။ မြန်မာ့စံမီသမ္မာကျမ်း ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရောမမြို့သို့ ကျွန်ုပ်တို့ရောက်သောအခါ ပေါလုသည် အကျယ်ချုပ်ဖြင့် သီးသန့်နေခွင့်ရပြီး သူ့အား စောင့်ကြပ်သည့်စစ်သားတစ်ဦးသည်လည်း သူနှင့်အတူ ရှိ၏။ |
ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊-
ထိုနောက်သူတို့သည်ငါ့အားကြိုးများဖြင့် ဆွဲ၍ရေတွင်းထဲမှကယ်ဆယ်လိုက်ကြ၏။ ထိုနောက်ငါသည်နန်းတော်ဝင်းအတွင်း၌ နေရလေသည်။
တပ်မှူးသည်ငါ့အားနှစ်ဦးချင်းတွေ့ဆုံရန် ခေါ်ယူပြီးလျှင်``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်ဤပြည်ကိုဖျက်ဆီးရန်ခြိမ်းခြောက် တော်မူခဲ့သည့်အတိုင်း၊-
ထိုမြို့တွင်ပုန္တုပြည်သားအာကုလနာမည်ရှိ သော ယုဒအမျိုးသားတစ်ယောက်နှင့်သူ၏ဇနီး ပြစ်ကိလကိုတွေ့၏။ ယုဒအမျိုးသားအပေါင်း တို့ရောမမြို့မှထွက်ခွာသွားရန် ကလောဒိဘုရင် အမိန့်ထုတ်ဆင့်သဖြင့် သူတို့သည်မကြာမီက ပင်ဣတလိပြည်မှထွက်ခွာလာခဲ့ကြသူများ ဖြစ်၏။-
ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်များမှ လည်းကောင်း၊ ကုရေနေမြို့အနီးလိဗုနယ်ပယ် များမှလည်းကောင်းလာကြသူများဖြစ်၏။ အချို့သောငါတို့သည်ရောမမြို့မှရောက် လာသော၊-
ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
ပေါလုကိုအစောင့်အကြပ်နှင့်အကျယ်ချုပ် ထားကာ သူ၏မိတ်ဆွေသင်္ဂဟများလာရောက် ပြုစုသည်ကိုခွင့်ပြုရန်တပ်ခွဲမှူးအားအမိန့် ပေး၏။
နောက်တစ်နေ့၌ကျွန်ုပ်တို့သည်ဇိဒုန်မြို့သို့ ဆိုက်ကပ်ကြ၏။ ယုလိသည်ပေါလုကိုသနား ကြင်နာစိတ်ရှိသဖြင့် မိတ်ဆွေများထံသွား ရောက်တွေ့ဆုံခွင့်ပြု၏။-
ပေါလုသည်တပ်မှူးနှင့်စစ်သားများအား ``ဤ သင်္ဘောသားတို့သည်သင်္ဘောပေါ်တွင်မနေကြ လျှင် သင်တို့ကိုယ်တိုင်အသက်ချမ်းသာရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်'' ဟုပြော လေ၏။-
သို့သော်တပ်မှူးသည်ပေါလုကိုကယ်ဆယ်လို သဖြင့် စစ်သားများ၏အကြံအစည်အတိုင်း မပြုလုပ်ရန်တားမြစ်ပြီးလျှင် ဦးစွာပထမ ရေကူးတတ်သူတို့အားသင်္ဘောပေါ်မှခုန်ချ စေပြီးနောက်ကုန်းသို့ကူးစေ၏။-
သင်မြင်ရသည့်အမျိုးသမီးကားကမ္ဘာပေါ် ရှိရှင်ဘုရင်တို့ကိုအုပ်စိုးသည့်မြို့ကြီးဖြစ် သတည်း'' ဟုဆို၏။
``ဤအမှုအရာနှင့်ပတ်သက်၍ဉာဏ်ပညာနှင့် အသိတရားရှိရန်လိုပေသည်။ ဦးခေါင်းခုနစ် လုံးသည်အမျိုးသမီးထိုင်နေသည့်တောင်ခုနစ် လုံးကိုဆိုလို၏။ ရှင်ဘုရင်ခုနစ်ပါးကိုလည်း ဆိုလို၏။-