တမန်တော်ဝတ္ထု 19:21 - Common Language Bible ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။- Garrad Bible ထို အ ခြင်း အ ရာ များ ဖြစ် ပြီး နောက် ပေါ လု က ငါ သည် မာ ကေ ဒေါ နိ ပြည် နှင့် အ ခါ ယ ပြည် များ ကို လျှောက် လျက် ယေ ရု ရှ လင် မြို့ ရောက် သွား မည် ဟု အ ကြံ ပြု သည့် ပြင် ရောက် ပြီး မှ ရော မ မြို့ သို့ လည်း အ ကြည့် အ ရှု သွား မည် ဟု အောက် မေ့ သည့် အ တိုင်း၊ Judson Bible ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်နှင့် အခါယပြည်ကို လျှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့ သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟု စိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။ |
ထိုမြို့မှဖိလိပ္ပိမြို့သို့သွားကြ၏။ ဖိလိပ္ပိမြို့ ကားမာကေဒေါနိပြည်ပထမနယ်၏မြို့တစ် မြို့ဖြစ်၏။ ရောမအမျိုးသားတို့အခြေစိုက် ရာမြို့လည်းဖြစ်၏။ ထိုမြို့တွင်ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာနေထိုင်ကြပြီးသည့်နောက်၊-
ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။-
``ဘုရားသခင်အလိုတော်ရှိလျှင်သင်တို့ ထံသို့ငါပြန်လာခဲ့မည်'' ဟုဆိုပြီးလျှင် သင်္ဘောလွှင့်လေ၏။-
သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။
တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
ယခုမှာငါသည်ဝိညာဉ်တော်၏အမိန့်ကို နာခံ၍ ယေရုရှလင်မြို့သို့သွားရမည်။ ထို မြို့တွင်အဘယ်သို့ဖြစ်မည်ကိုငါမသိ။-
ယေရုရှလင်မြို့သို့ကျွန်ုပ်တို့ရောက်ကြသော အခါ ညီအစ်ကိုများကလှိုက်လှဲစွာကြိုဆို ကြ၏။-
ထိုအရပ်တွင်ယုံကြည်သူအချို့တို့ကိုတွေ့ သဖြင့် ကျွန်ုပ်တို့သည်သူတို့နှင့်အတူခုနစ် ရက်မျှနေကြ၏။ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ပေါလုအား ယေရုရှလင်မြို့သို့ဆက်၍မသွားရန်ပြော ကြားကြ၏။-
ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။-
`ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
ရောမမြို့သို့ရောက်ကြသောအခါပေါလု သည် တစ်ကိုယ်တည်းအစောင့်စစ်သားတစ်ယောက် နှင့်အတူနေခွင့်ရရှိ၏။
သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။-
ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။-
သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။
ငါသည်မာကေဒေါနိပြည်လမ်းမှလာမည်ဖြစ် ၍ မာကေဒေါနိပြည်တစ်လျှောက်ခရီးပြုပြီး သောအခါသင်တို့ထံသို့လာခဲ့မည်။-
သို့ရာတွင်သခင်ဘုရားအလိုတော်ရှိပါမူ ငါသည်သင်တို့ထံသို့မကြာမီလာခဲ့ပါ မည်။ ထိုအခါယင်းသို့မာန်မာနထောင်လွှား သူတို့၏နှုတ်သတ္တိကိုသာမက သူတို့၏ တန်ခိုးစွမ်းရည်ကိုလည်းငါကိုယ်တိုင်သိရ လိမ့်မည်။-
ထိုနောက်ငါတို့သည်သင်တို့၏ဒေသကိုကျော် လွန်၍ အခြားဒေသသစ်များတွင်သခင်ယေရှု အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ နိုင်သဖြင့် သူတစ်ပါးတို့၏နယ်ပယ်အတွင်း၌ ပြီးစီးခဲ့သည့်ဆောင်ရွက်ချက်များအတွက် ငါ တို့ဂုဏ်ယူဝါကြွားစရာမလိုတော့ပေ။
တစ်ဆယ့်လေးနှစ်မျှကြာသောအခါ ငါနှင့် ဗာနဗတို့သည် တိတုကိုခေါ်၍ယေရု ရှလင်မြို့သို့ပြန်သွား၏။-
သို့ဖြစ်၍သင်တို့သည်မာကေဒေါနိပြည်နှင့် အခါယပြည်ရှိ ယုံကြည်သူအပေါင်းတို့ အတွက်စံနမူနာဖြစ်လေသည်။-