သို့ဖြစ်၍လူတို့က`ငါတို့သည်အိပ်ရာဝင်ပြီး နောက်လန်းဆန်းစွာနိုးထ၍လာ၏' ဟုပြော ဆိုကြလိမ့်မည်။
ဇာခရိ 4:1 - Common Language Bible ငါနှင့်စကားပြောဆိုနေခဲ့သည့်ကောင်းကင် တမန်သည် တစ်ဖန်လာ၍အိပ်ပျော်သူကို နှိုးသကဲ့သို့ငါ့ကိုနှိုးပြီးလျှင်၊- Garrad Bible ထို နောက်၊ ငါ နှင့် မြွက် ဆို သော စေ တ မန် တော် သည် ပြန် လာ လျက်၊ အိပ် ပျော် သူ့ ကို နှိုး သည့် နည်း တူ၊ ငါ့ ကို နှိုး ပြီး လျှင်၊ Judson Bible ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကိုနှိုးလျက်၊ မြန်မာ့စံမီသမ္မာကျမ်း ငါနှင့်စကားပြောခဲ့သောကောင်းကင်တမန်သည် ပြန်လာ၍ အိပ်ပျော်နေသူကို လှုပ်နှိုးသကဲ့သို့ ငါ့ကို နှိုးပြီးလျှင် |
သို့ဖြစ်၍လူတို့က`ငါတို့သည်အိပ်ရာဝင်ပြီး နောက်လန်းဆန်းစွာနိုးထ၍လာ၏' ဟုပြော ဆိုကြလိမ့်မည်။
သူဤသို့ပြောနေစဉ်ငါသည်မေ့မြော၍ မြေပေါ်သို့လဲကျသွားလေသည်။ သို့ရာ တွင်သူသည်ငါ့အားဆွဲကိုင်ထူမပြီး လျှင်၊-
ထာဝရဘုရားသည်ကောင်းကင်တမန် အားနှစ်သိမ့်ဖွယ်ရာစကားများကိုမိန့် ကြားတော်မူသဖြင့်၊-
ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။
ငါကလည်း``အရှင်ဤမြင်းများကား အဘယ်အတွက်ဖြစ်ပါသနည်း'' ဟုမေး လျှင် ကောင်းကင်တမန်က``သူတို့အဘယ်အတွက် ဖြစ်သည်ကိုငါဖော်ပြမည်။-
ထိုနောက်ငါနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်သည်ရှေ့သို့လာသောအခါ အခြားကောင်းကင်တမန်တစ်ပါးကသူ့ထံ သို့လာရောက်နှုတ်ဆက်သည်ကိုငါတွေ့မြင် ရ၏။-
ကောင်းကင်တမန်က``သင်မသိပါသလော'' ဟုဆိုလျှင် ငါကလည်း``အရှင်အကျွန်ုပ်မ သိပါ'' ဟုပြန်လည်ဖြေကြားလိုက်၏။
ပေတရုနှင့်အဖော်များသည်ငိုက်မြည်း အိပ်ပျော်လျက်နေကြ၏။ သို့ရာတွင်သူတို့ နိုးလာသောအခါကိုယ်တော်၏ဘုန်းအသ ရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေသူနှစ်ဦးကိုလည်းကောင်းမြင်ကြ၏။-