သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
ဆာလံ 53:5 - Common Language Bible သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။ Garrad Bible သင့် တစ် ဘက်၌ တပ် စွဲ သူ တို့ အ ရိုး များ ကို၊ ဘု ရား သ ခင် ကွဲ လွင့် စေ တော် မူ သော ကြောင့်၊ ကြောက် ရွံ့ ဖွယ် မ ရှိ ရာ တွင်၊ အ လွန် ကြောက် ရွံ့ လျက် ရှိ နေ ကြ၏။ ဘု ရား သ ခင် ငြင်း ပယ် တော် မူ သော ကြောင့်၊ ထို သူ တို့ ကို သင် အ ရှက် ခွဲ ရ လေ ပြီ။ Judson Bible သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်းရံ၍ တပ်ချသောသူ၏အရိုးတို့ကို ဘုရားသခင်သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရားသခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကိုအရှက်ခွဲရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကြောက်ရွံ့စရာမရှိဘဲ အလွန်ကြောက်ရွံ့ကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သင့်တစ်ဖက်၌ တပ်ချထားသောသူတို့၏အရိုးများကို ပြန့်ကျဲစေတော်မူ၏။ ဘုရားသခင်သည် သူတို့ကိုစွန့်ပယ်တော်မူသောကြောင့် သင်သည် သူတို့ကိုအရှက်ကွဲစေလိမ့်မည်။ |
သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
ထိုမင်းတို့၏အရိုးများသည်အစိတ်စိတ် အမြွှာမြွှာ ခွဲစိတ်ဖြတ်တောက်ခြင်းခံရသောထင်းကဲ့သို့ သင်္ချိုင်းတွင်းဝ၌ပြန့်ကြဲ၍နေလိမ့်မည်။
ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက် ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည် မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။ မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟု ပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူတို့သည် အရေးရှုံးနိမ့်လျက်အရှက်ကွဲရကြပါစေသော။ ကျွန်တော်မျိုးကိုအန္တရာယ်ပြုရန်ကြံစည် သူတို့သည် တပ်လှန်၍ကစဥ့်ကရဲဖြစ်ရကြပါစေသော။
ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
အို ထာဝရဘုရား၊ သူတို့သည်နံနက်ချိန်၌ပျောက်ကွယ် သွားသည့် အိပ်မက်နှင့်တူပါ၏။ ကိုယ်တော်ရှင်နိုးထတော်မူသောအခါသူတို့သည် ပျောက်ကွယ်သွားကြပါ၏။
လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
ထာဝရဘုရားသည်သင်တို့နိုင်ငံကိုအား အင်ချည့်နဲ့စေတော်မူမည်ဖြစ်၍ အဘယ်သူ မျှသင်တို့ကိုလေးစားကြလိမ့်မည်မဟုတ်။-
ငါထာဝရဘုရားသည်သူတို့အားပစ်ပယ် လိုက်လေပြီ။ ထို့ကြောင့်သူတို့ကိုအပယ်ခံ ငွေချော်မြှုပ်ဟူ၍ခေါ်ရမည်'' ဟုမိန့်တော် မူ၏။
ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။
ငါသည်ဣသရေလအမျိုးသားတို့၏ အလောင်းများကို သူတို့၏ရုပ်တုများရှေ့ တွင်ကြဲဖြန့်မည်။ သူတို့၏အရိုးများကို ယဇ်ပလ္လင်များပတ်လည်တွင်ကြဲဖြန့်မည်။-
ငါသည်သင်တို့တစ်ဘက်၌ရှိသဖြင့် သင်တို့ သည်စစ်ရှုံး၍ရန်သူ၏အုပ်စိုးခြင်းကိုခံရ လိမ့်မည်။ သင်တို့သည်အလွန်ထိတ်လန့်သဖြင့် လိုက်သူမရှိဘဲနှင့်ပြေးရကြလိမ့်မည်။
``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
စစ်မြေပြင်တွင်ရှိသမျှသောဖိလိတ္တိ အမျိုးသားတို့သည်ကြောက်လန့်ကြကုန်၏။ တိုက်ကင်းထွက်လာကြသူများနှင့်တပ် စခန်းရှိစစ်သည်တပ်သားတို့သည် ထိတ် လန့်တုန်လှုပ်ကြကုန်၏။ မြေကြီးပင်လျှင် တုန်လှုပ်ကာရန်သူတို့သည်ကစဥ့်ကရဲ ပြေးကြကုန်၏။