Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 6:5 - Common Language Bible

5 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​လောင်း​များ​ကို သူ​တို့​၏​ရုပ်​တု​များ​ရှေ့ တွင်​ကြဲ​ဖြန့်​မည်။ သူ​တို့​၏​အ​ရိုး​များ​ကို ယဇ်​ပလ္လင်​များ​ပတ်​လည်​တွင်​ကြဲ​ဖြန့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဣ သ ရေ လ အ မျိုး သား အ သေ ကောင် များ ကို ချ ထား လျက်၊ ယဇ် ပ လ္လင် များ ပတ် လည်၌ အ ရိုး များ ကို ကြဲ ဖြန့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ရုပ်​တု​ဆင်း​တု​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သေ​ကောင်​များ​ကို​ချ​ထား၍၊ ယဇ်​ပ​လ္လင်​တို့​ပတ်​လည်၌ သင်​တို့ အ​ရိုး​များ​ကို ငါ​ဖြန့်​ကြဲ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင်​တို့​၏​ရုပ်တု​များ​ရှေ့​တွင် အစ္စရေး​အမျိုးသား​တို့​၏​အလောင်း​ကို ပစ်​ထား​မည်​။ ယဇ်ပလ္လင်​ဝန်းကျင်​တွင် အရိုး​များ​ကို ကြဲဖြန့်​ထား​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 6:5
6 ပူးပေါင်းရင်းမြစ်များ  

ယော​ရှိ​မင်း​သည်​ကျောက်​တိုင်​များ​ကို​ဖြို​ဖျက် ၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ခုတ်​လှဲ​ကာ ယင်း​တို့​တည်​ရာ​ဌာ​န​များ​တို့​ကို လူ​သေ​အ​ရိုး​တို့​နှင့်​ပြည့်​စေ​လေ​၏။-


ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော့် လူ​စု​တော်​၏ ရန်​သူ​များ​၏​အ​ရိုး​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည် တစ်​ခါ​မျှ​မ​ခံ​စား​ခဲ့​ဘူး​သည့်​ကြောက်​ခြင်း​မျိုး ဖြင့် အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ ပြီ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လုံး​ဝ​အ​နိုင် ရ​ကြ​လိမ့်​မည်။


သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည်​တော​ဖက်​ဟူ​၍ သော်​လည်း​ကောင်း၊ ဟိန္နုံ​ဟူ​၍​သော်​လည်း​ကောင်း နာ​မည်​မ​တွင်​တော့​မည့်​နေ့​ရက်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ လူ​သေ​တို့​ကို​သင်္ဂြိုဟ်​ရန် နေ​ရာ​မ​ရှိ​တော့​သည့်​တိုင်​အောင် ထို​ချိုင့်​ဝှမ်း တွင်​သင်္ဂြိုဟ်​ရ​သော​ကြောင့် ထို​ချိုင့်​ဝှမ်း​ကို​ကွပ် မျက်​ရာ​ချိုင့်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့် မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​အ​ရပ် တွင်​ငါ​၏​ရာ​ဇ​ပလ္လင်​ရှိ​၏။ ငါ​၏​ခြေ​နင်း ရာ​နေ​ရာ​ဖြစ်​၏။ ငါ​သည်​ဤ​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​၍​သူ​တို့​အား​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​များ​ဖြစ်​စေ၊ သူ​တို့​၏​ဘု​ရင်​များ ဖြစ်​စေ၊ ဝိ​ညာဉ်​ဆိုင်​ရာ​ပြည့်​တန်​ဆာ လုပ်​ငန်း​ဖြင့်​လည်း​ကောင်း၊ ဘု​ရင်​တို့​၏ အ​လောင်း​များ​ကို​မြင့်​သော​အ​ရပ်​များ တွင် ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော် ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ