ကျွန်တော်မျိုးတို့အားမိမိတို့အသက်မည်မျှ တိုတောင်းကြောင်းကိုသိရှိနိုင်ရန်သွန်သင်တော်မူပါ။ သို့မှသာလျှင်ကျွန်တော်မျိုးတို့သည်ဉာဏ်ပညာ ရရှိလာကြပါလိမ့်မည်။
ကောလောသဲ 4:5 - Common Language Bible သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။- Garrad Bible အ ခါ အ ခွင့် ကို ဝယ် ယူ လျက် သာ သ နာ ပ တို့ ရှေ့ လိ မ္မာ စွာ ကျင့် ကြံ ပြု မူ ကြ လော့။ Judson Bible ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက်၊ ပညာနှင့် ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနုတ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပြင်ပလူတို့ရှေ့တွင် ပညာရှိစွာ ပြုမူနေထိုင်၍ အခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုကြလော့။ |
ကျွန်တော်မျိုးတို့အားမိမိတို့အသက်မည်မျှ တိုတောင်းကြောင်းကိုသိရှိနိုင်ရန်သွန်သင်တော်မူပါ။ သို့မှသာလျှင်ကျွန်တော်မျိုးတို့သည်ဉာဏ်ပညာ ရရှိလာကြပါလိမ့်မည်။
ထိုအခါမင်းကြီးက``သင်တို့သည်ငါထင် သည်အတိုင်းအချိန်ဆွဲ၍နေကြပါသည် တကား။-
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော ခက်ခဲနက်နဲသည့် အကြောင်းအရာတို့ကိုသိနိုင်ခွင့်ရရှိကြ၏။ ယင်းသို့သိနိုင်ခွင့်မရသောသူတို့ကား ပုံ ဥပမာများအားဖြင့်သာကြားသိရပေသည်။-
သင်တို့သည်သတင်းကောင်းကိုအဘယ်မျှစွဲမြဲစွာ ယုံကြည်ကြကြောင်းကိုလူတိုင်းပင်ကြားသိရ၏။ သို့ဖြစ်၍ငါသည်သင်တို့အတွက်ဝမ်းမြောက်၏။ သင်တို့သည်ကောင်းမြတ်သောအမှုအဘယ်အရာ ဖြစ်သည်ကိုသိသောပညာရှိများဖြစ်ပြီးလျှင် ညစ်ညမ်းသောအမှုနှင့်ပတ်သက်၍အပြစ်ကင်း သူများဖြစ်ကြစေလို၏။-
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။
ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန်နှင့်မာရ်နတ် ၏ကျော့ကွင်းထဲသို့မကျရောက်စေရန်သူ သည်အသင်းတော်အပရှိလူတို့၏ရိုသေ လေးစားမှုကိုခံရသူဖြစ်ရမည်။
သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-
သင်တို့အထဲတွင်အတတ်အလိမ္မာနှင့်ဉာဏ် ပညာရှိသူတစ်စုံတစ်ယောက်ရှိလျှင်ထိုသူ သည် မိမိပညာရှိမှုကိုဉာဏ်ပညာနှင့်၊ နှိမ့်ချ သောစိတ်ဖြင့်ပြုကျင့်သည့်အကျင့်ကောင်း အားဖြင့်သက်သေပြပါစေ။-
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-
ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ ၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအား ဖြင့်သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုမယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့ ၏အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြော ရန်ပင်မလိုပေ။-