သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။-
သို့ ရာ တွင် အ သွေး တည်း ဟူ သော အ သက် ပါ ရှိ သည့် အ သား ကို မ စား ကြ ရ။
သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။
သို့သော် အသက်တည်းဟူသော အသွေးပါရှိသည့်အသားကို မစားရ။
``သူတို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား သင်တို့သည်အမဲသားနှင့် အတူသွေးကိုလည်းစားကြ၏။ ရုပ်တုများ ကိုဝတ်ပြုရှိခိုးကြ၏။ လူ၏အသက်ကို သတ်ကြ၏။ သို့ပါလျက်ဤပြည်ကိုသင်တို့ အပိုင်ရပြီဟုအဘယ်ကြောင့်ထင်မှတ် ကြသနည်း။-
``သွေးပါရှိနေသေးသောအသားကိုမစားရ။ ဗေဒင်မှော်အတတ်အမျိုးမျိုးတို့ကိုမကျင့် သုံးရ။-
ဣသရေလအမျိုးသားတို့သည်အဆီ ကိုသော်လည်းကောင်း၊ သွေးကိုသော်လည်း ကောင်းမစားရ။ အရပ်ရပ်တွင်နေထိုင်သော ဣသရေလအမျိုးသားအပေါင်းတို့သည် ဤပညတ်ကိုထာဝစဉ်လိုက်နာရကြမည်။
ဣသရေလအမျိုးသားတို့သည်မည်သည့် အရပ်၌နေထိုင်သည်မဆို ငှက်၏သွေးသို့ မဟုတ်တိရစ္ဆာန်၏သွေးကိုမစားရ။-
သို့ရာတွင်ရုပ်တုအားပူဇော်ထားသဖြင့် မသန့် စင်သည့်အစားအစာများကိုစားခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ လည်လိမ်သားနှင့်သွေးကို စားသုံးခြင်းတို့ကိုမူရှောင်ရှားကြစေရန် စာရေး၍အကြောင်းကြားသင့်သည်ဟုငါ ယူဆ၏။-
သို့ဖြစ်၍ကျွန်ုပ်တို့သည်အစည်းအဝေးပြု လုပ်၍လူအချို့ကိုရွေးချယ်လျက် သင်တို့ထံ သို့စေလွှတ်ရန်အားလုံးသဘောတူဆုံးဖြတ် ကြပါသည်။ ထိုသူတို့သည်ကျွန်ုပ်တို့ချစ်ခင် သူဗာနဗ၊ ပေါလုတို့နှင့်အတူလိုက်သွား ကြပါလိမ့်မည်။-
လည်ညှစ်သားကိုမစားနှင့်။ ကာမဂုဏ်လိုက်စား မှုကိုမပြုနှင့်ဟူသောပညတ်များမှတစ်ပါး အခြားသောဝန်ကိုသင်တို့အပေါ်မတင်ရန် သန့်ရှင်းသောဝိညာဉ်တော်နှင့်ကျွန်ုပ်တို့သဘော တူကြပါ၏။ ဤအရာများကိုရှောင်ကြဉ်ကြ ပါက သင်တို့အတွက်လုံလောက်ပေပြီ။ ကျန်း မာရွှင်လန်းကြပါစေ'' ဟုဖော်ပြပါရှိလေ သည်။
သို့ရာတွင်တိရစ္ဆာန်တို့၏သွေးကိုမူကား မစားရ။ ရေကိုသွန်သကဲ့သို့မြေပေါ်မှာ သွန်ရမည်။-
သို့ရာတွင်သွေးသည်အသက်ဖြစ်သောကြောင့် သွေးကိုမစားရ။ သို့ဖြစ်၍သွေးပါရှိသော အသားကိုမစားရ။-
``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''
သွေးကိုမူကားမစားရ။ ရေကိုသွန်သကဲ့ သို့သွေးကိုမြေပေါ်မှာသွန်ရမည်။''
ဘုရားသခင်ဖန်ဆင်းထားတော်မူသောအရာ မှန်သမျှသည်သုံးဆောင်ထိုက်သည်ဖြစ်၍ အဘယ်အစားအစာကိုမျှရှောင်ကြဉ်ရန် မလိုပေ။ အစားအစာမှန်သမျှကိုကျေးဇူး တော်ချီးမွမ်းလျက်ခံယူရကြမည်။-
ထို့ကြောင့်သူတို့သည်ရန်သူများလက်မှ သိမ်းဆည်းရမိသည့်ပစ္စည်းများရှိရာသို့ ပြေးပြီးလျှင် သိုး၊ ဆိတ်၊ နွားများကိုယူ ဆောင်ကာထိုနေရာ၌ပင်သတ်၍သွေး သံရဲရဲနှင့်စားကြ၏။-