ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးများဖြစ်ကြ၏။ ကာသ လုဟိမ်လူမျိုးမှဖိလိတ္တိလူမျိုးဆင်းသက် လာ၏။
ကမ္ဘာဦး 21:32 - Common Language Bible ဗေရရှေဘအရပ်တွင်သူတို့ကတိသစ္စာ ဆိုပြီးသည့်နောက် အဘိမလက်နှင့်ဖိကော လတို့သည်ဖိလိတ္တိပြည်သို့ပြန်ကြလေ၏။- Garrad Bible ထို သို့ ဗေ ရ ရှေ ဘ အ ရပ် တွင် ပ ဋိ ညာဉ် ဖွဲ့ ပြီး မှ အ ဘိ မ လက် မင်း နှင့် ဗိုလ် ချုပ် ဖိ ကော လ တို့ ထ၍ ဖိ လိ တ္တိ ပြည် သို့ ပြန် သွား ကြ ၏။ Judson Bible ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်ပြုကြ၏။ အဘိမလက်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည်ထ၍ ဖိလိတ္တိပြည်သို့ပြန်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဗေရရှေဘအရပ်၌ ပဋိညာဉ်ဖွဲ့ကြပြီးနောက် အဘိမလက်မင်းကြီးနှင့် သူ၏စစ်သူကြီးဖိကောလသည် ထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ |
ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးများဖြစ်ကြ၏။ ကာသ လုဟိမ်လူမျိုးမှဖိလိတ္တိလူမျိုးဆင်းသက် လာ၏။
ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-
ထိုနောက်အာဗြဟံသည်အဘိမလက်အား သိုးနှင့်နွားတို့ကိုပေး၍သူတို့နှစ်ဦးကတိ သစ္စာပြုကြလေသည်။-
ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။
အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။-
သူ၌သိုးအုပ်၊ နွားအုပ်နှင့်အခြွေအရံများစွာရှိ ၍ ဖိလိတ္တိအမျိုးသားတို့သည်သူ့အားမနာ လိုကြသဖြင့်၊-
ဣဇာက်သည်ထိုမြို့တွင်အတန်ကြာနေထိုင်ပြီး နောက်၊ တစ်နေ့တွင်အဘိမလက်ဘုရင်ကြီးသည် ပြူတင်းပေါက်မှအပြင်သို့ကြည့်လိုက်ရာ ဣဇာက် နှင့်ရေဗက္ကတို့ချစ်ကျွမ်းဝင်နေကြသည်ကိုမြင် ရလေသည်။-
သင်နှင့်ငါပဋိညာဉ်ပြုလိုပါသည်။ ထိုပဋိ ညာဉ်ပြုချက်ကိုငါတို့သတိရစေခြင်းငှာ ကျောက်ပုံတည်ကြစို့'' ဟုယာကုပ်အားပြော လေသည်။
အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားအားတစ်ဖန်ပြစ်မှားကြပြန်၏။ သို့ ဖြစ်၍ကိုယ်တော်သည်သူတို့အားအနှစ် လေးဆယ်ပတ်လုံး ဖိလိတ္တိအမျိုးသားတို့ ၏စိုးမိုးအုပ်ချုပ်မှုကိုခံစေတော်မူ၏။
ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။-