ကမ္ဘာဦး 21:16 - Common Language Bible ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။ Garrad Bible ငါ သည် သူ ငယ် သေ သည် ကို မ မြင် လို ဟု ဆို လျက် လေး တစ် ပစ် ခန့် ကွာ သွား ပြီး လျှင် သူ ငယ် ကို ရှေ့ ရှု ထိုင် နေ လေ၏။ ထို သို့ ထိုင် နေ လျက် ဟာ ဂ ရ ဟစ် အော် ငို ကြွေး စဥ်၊ Judson Bible ငါသည်သူငယ်သေသည်ကို မမြင်လိုဟုဆိုလျက်၊ ခပ်ဝေးဝေး၊ လေးတစ်ပစ်ခန့်လောက်သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့ထိုင်၍နေစဉ်၊ သူသည်အသံကိုလွှင့်၍ ငိုကြွေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း “သူငယ်သေသည်ကို ငါမမြင်လို”ဟု ဆိုလျက် သူငယ်၏နောက်ဘက်၊ လေးတစ်ပစ်ခန့်အကွာသို့သွား၍ ထိုင်လေ၏။ သူသည် သူငယ်၏နောက်ဘက်တွင်ထိုင်လျက် အော်ဟစ်ငိုကြွေးလေ၏။ |
ဧသောက``အို အဖ၊ ဖခင်ထံ၌ပေးစရာ ကောင်းချီးမင်္ဂလာတစ်ပါးမျှမကျန်ပါ သလော။ ကျွန်တော့်ကိုလည်းကောင်းချီးမင်္ဂလာ ပေးပါဦး'' ဟုဖခင်အားဆက်လက်တောင်းပန် ၍ငိုကြွေးလေ၏။
ကျွန်တော်သည်သူငယ်မပါဘဲဖခင်ထံသို့မည် သို့ပြန်နိုင်ပါမည်နည်း။ ဖခင်ခံရမည့်စိတ်ဆင်း ရဲခြင်းကိုကျွန်တော်မမြင်ရက်နိုင်ပါ'' ဟု လျှောက်ထားလေ၏။
မုဆိုးမက``ကျွန်မမှာမုန့်တစ်ချပ်မျှမရှိ ကြောင်း အသက်ရှင်တော်မူသောသင်၏ဘုရားသခင်ကိုတိုင်တည်၍ကျိန်ဆိုပါ၏။ မုန့်ခွက် ထဲတွင်မုန့်ညက်လက်တစ်ဆုပ်စာနှင့်ဆီဘူး တွင် သံလွင်ဆီအနည်းငယ်မျှသာကျွန်မမှာ ရှိပါ၏။ ဤရှိစုမဲ့စုကလေးဖြင့်ကျွန်မ နှင့်သားငယ်အတွက်မုန့်လုပ်၍မီးဖုတ်စား နိုင်ရန် ဤနေရာသို့လာ၍ထင်းအနည်းငယ် ခွေနေခြင်းဖြစ်ပါသည်။ ထိုမုန့်သည်ကျွန်မ တို့နောက်ဆုံးစားကြရမည့်အစားအစာပင် ဖြစ်ပါသည်။ ထို့နောက်ကျွန်မတို့သည်အစာ ငတ်၍သေကြရန်ပင်ဖြစ်ပါသည်'' ဟုပြန် ပြောလေ၏။
မိခင်စစ်သည်မိမိ၏သားကိုချစ်လှသဖြင့် မင်းကြီးအား``အရှင်မင်းကြီး၊ ကလေးကို သတ်တော်မမူပါနှင့်။ ထိုမိန်းမအားပေး တော်မူပါ''ဟုလျှောက်၏။ သို့ရာတွင်အခြားမိန်းမက``ကလေးကိုမည် သူမျှမယူပါစေနှင့်။ နှစ်ပိုင်းဖြတ်တော်မူပါ'' ဟုလျှောက်လေသည်။-
ကျွန်တော်မ၏အမျိုးသားချင်းများသည် ဤဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရလျက် ကျွန်တော်မ၏ဆွေမျိုးအရင်းအချာများ သည်လည်းအသတ်ခံကြရပါမူကျွန်တော် မသည်အဘယ်သို့ရှုစိမ့်နိုင်ပါအံ့နည်း'' ဟုလျှောက်လေ၏။
ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
ထိုနောက်သူသည်ထ၍ဖခင်ထံသို့ပြန်သွားလေ၏။ ``အဝေး၌ပင်ရှိနေစဉ်ဖခင်သည်သူ့ကိုမြင် သော်သနားသဖြင့် ပြေး၍ဖက်ပြီးလျှင်နမ်းရှုပ် လေ၏။-
ဤသို့ကောင်းကင်တမန်မြွက်ဆိုပြီးသော အခါ၌ ဣသရေလအမျိုးသားအပေါင်း တို့သည်ငိုကြွေးကြကုန်၏။-
ထာဝရဘုရားသည်သင်တို့နှစ်ယောက် စလုံးအား နောက်အိမ်ထောင်နှင့်ပျော်ရွှင်စွာ နေထိုင်ခွင့်ကိုပေးသနားတော်မူပါစေ သော'' ဟုဆို၏။ ဤသို့ဆိုပြီးလျှင်နောမိသည် သူတို့အား နမ်းရှုတ်နှုတ်ဆက်လေ၏။ သို့ရာတွင်သူတို့ သည်ငိုကြွေးလျက်၊-
ဤသို့ဒါဝိဒ်လျှောက်ထားပြီးသောအခါ ရှောလုက``သင်သည်အကယ်ပင်ငါ၏သား ဒါဝိဒ်ပေလော'' ဟုဆို၍ငိုကြွေးတော်မူ၏။-