Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရု​သ 1:9 - Common Language Bible

9 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှစ်​ယောက် စ​လုံး​အား နောက်​အိမ်​ထောင်​နှင့်​ပျော်​ရွှင်​စွာ နေ​ထိုင်​ခွင့်​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။ ဤ​သို့​ဆို​ပြီး​လျှင်​နော​မိ​သည် သူ​တို့​အား နမ်း​ရှုတ်​နှုတ်​ဆက်​လေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​ငို​ကြွေး​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 နောက် အိမ် ထောင် နှင့် ငြိမ်း ချမ်း စွာ နှစ် ယောက် လုံး နေ ထိုင် ခွင့် ကို သ နား တော် မူ ပါ စေ သော ဟု ဆို ၍ နမ်း ရှုပ် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သင်​တို့​နှစ်​ယောက်​သည် နောက်​ရ​သော​လင်​အိမ်၌ ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ဟု ဆို​လျက် သူ​တို့​ကို နမ်း​လေ၏။ သူ​တို့​သည်​လည်း၊ အ​သံ​ကို​လွှင့်၍ ငို​ကြွေး​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သင်​တို့​သည် နောက်အိမ်ထောင်ပြု​ပြီး အေးချမ်း​စွာ​နေ​ရ​သော​အခွင့်​ကို သင်​တို့​အား ထာဝရဘုရား ပေးသနား​တော်မူ​ပါစေသော​”​ဟု ဆို​ပြီး သူ​တို့​ကို နမ်း​ရာ သူ​တို့​သည် အော်ဟစ်​ငိုကြွေး​၍

အခန်းကိုကြည့်ပါ။ ကော်ပီ




ရု​သ 1:9
8 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​ဖ​ခင်​ထံ​ချဉ်း​ကပ်​၍​နမ်း​လိုက် သော​အ​ခါ ဣ​ဇာက်​သည်​သူ​၏​အ​ဝတ်​များ​ကို အ​နံ့​ခံ​လျက်``ငါ့​သား​၏​အ​နံ့​သည်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​သော​လယ်​၏​ရ​နံ့​ကဲ့ သို့​သင်း​ကြိုင်​ပါ​၏။-


ထို​နောက်​သူ​သည်​ရာ​ခေ​လ​ကို​နမ်း​၍ ဝမ်း သာ​သော​ကြောင့်​ငို​ကြွေး​လေ​၏။-


သင်​သည်​ငါ့​မြေး​နှင့်​သ​မီး​များ​တို့​ကို​ပင် နမ်း​ရှုပ်​နှုတ်​ဆက်​ခွင့်​ကို​မ​ပေး။ မိုက်​လှ​သည် တ​ကား။-


ထို​နောက်​အစ်​ကို​တစ်​ယောက်​စီ​ကို​လည်း​ဖက်​နမ်း​၍ ငို​လေ​သည်။ ထို​နောက်​ညီ​အစ်​ကို​တို့​သည်​ယော​သပ် နှင့်​ရင်း​နှီး​စွာ​စကား​ပြော​ဆို​ကြ​၏။


သူ​တို့​သည်​ပေါ​လု​ကို​ဖက်​ယမ်း​လျက် ငို​ယို ကာ​နမ်း​ရှုပ်​၍​နှုတ်​ဆက်​ကြ​၏။-


``ကျွန်​မ​တို့​သည်​အိမ်​သို့​မ​ပြန်​လို​ပါ။ မိ​ခင် နှင့်​အ​တူ မိ​ခင်​၏​အ​မျိုး​သား​များ​ထံ​သို့ လိုက်​ပါ​မည်'' ဟု​ဆို​ကြ​၏။


နော​မိ​က​ချွေး​မ​များ​အား``သင်​တို့​သည် ကိုယ့်​မိ​ခင်​များ​အိမ်​သို့​ပြန်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​ပေါ်​၌​သော်​လည်း​ကောင်း၊ ကွယ်​လွန်​သွား​သူ​တို့​၏​အ​ပေါ်​၌​လည်း​ကောင်း ကျေး​ဇူး​ပြု​ခဲ့​ကြ​သည်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။-


များ​မ​ကြာ​မီ​နော​မိ​က​ရု​သ​အား``သင် သည်​ကိုယ့်​အိမ်​နှင့်​ကိုယ်​နေ​ထိုင်​နိုင်​ရန် သင့် အား​ငါ​နေ​ရာ​ချ​ပေး​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ